...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, February 9, 2014

ဂုဏ်ပြုမှတ်တမ်းလွှာများ . . .

   ၂၀၁၀ ခုနှစ်၊ April 14 ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အောင်လံသုခိတာအသင်းသည် ယခုအချိန်တွင် ၄ နှစ် အတွင်းသို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၄ နှစ်တာကာလအတွင်း အောင်လံမြို့နယ်အတွင်း လိုအပ်လျှက်ရှိသော ဘာသာရေး၊ပညာရေး၊ကျန်းမာရေး လိုအပ်ချက်များကို အောင်လံသုခိတာအသင်းမှ လှူဒါန်းခဲ့သည်မှာ စုစုပေါင်းအလှူငွေ ကျပ်သိန်း၁၅၀ခန့် ရှိပြီဖြစ်ပါတယ်။ အသင်း၏ ပထမအကြိမ်အလှူဖြစ်သော သငှါးကျေးရွာမီဘေးလှူဒါန်းမှုမှစတင်၍ ၊သနပ်ပင်ကျေးရွာ စာသင်ခုံလှူဒါန်းမှု၊ မြွေဆိပ်ဖြေဆေး စဉ်ဆက်မပြတ်လှူဒါန်းမှု၊ ဘုန်းတော်ကြီးသင်မိဘမဲ့ကလေးကျောင်းများဖြစ်ကြသော ဇေယျသုခနှင့်စခန်းသာကျောင်းနှစ်ကျောင်းအား လစဉ် ဆန်၊ဆီ၊ဆားအစရှိသည့်တို့နှင့်ကျောင်းရှိဆရာ၊ဆရာမများအားထောက်ပံမှု၊ လူဘ၀၏နေ၀င်ချိန်တွင် ခိုကိုးရာမဲ့ဖြစ်နေကြသော အဘိုးအဘွားများအား လစဉ် ထောက်ပံ့လှူဒါန်းမှု အစရှိသော လှူဒါန်းမှုများကို ပြုလုပ်လာခဲ့သည်မှာ ၄ နှစ်တာအချိန်သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ အောင်လံသုခိတာအသင်း စဉ်ဆက်မပြတ် လှူဒါန်းနိုင်ရန် ထောက်ပံ့ကူညီပေးကြသော အောင်လံသုခိတာအသင်းဝင်များ၊ သူငယ်ချင်းများ၊ အခြားသော အလှူရှင်များအားလုံးကို မိမိတို့၏ ကောင်းမှုကုသိုလ်များအား သာဓုခေါ်နိုင်ကြစေရန် ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ၀မ်းမြောက်ဝမ်းသာ မှတ်တမ်းတင်အပ်ပါသည်။
































♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥