...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, March 9, 2013

သနပ်ပင်ကျေးရွာ မူလတန်းကျောင်း ကြမ်းခင်းအလှူ

          အောင်လံမြို့ သနပ်ကျေးရွာ မူလတန်းစာသင်ကျောင်းလေးမှာ ကြမ်းခင်းနှင့်အကာများလုံလောက်စွာမရှိသည့်အပြင် စာသင်ခံများလည်း လိုအပ်လျှက်ရှိသောကြောင့် အောင်လံသုခိတာအသင်းမှ ၂၀၁၂ခုနှစ်တွင် စာသင်ခုံများ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် စင်ကာပူမှ သူငယ်ချင်းများ၏ စုပေါင်းလှူငွေဖြင့် ကြမ်းခင်းနှင့်အကာများလည်း လှူဒါန်းရန်စီစဉ်ခဲ့သော်လည်း သွားလာရေး အခက်အခဲကြောင့် ယခုနှစ် ဖေဖ၀ါရီလတွင် အောင်လံသုခိတာ အသင်းဝင်များမှ သနပ်ကျေးရွာသို့ သွားရောက်၍ လှူဒါန်းခြင်းစတင်နိုင်ခဲ့ပါသည်
ယခုကဲ့သို့ လှူဒါန်းနိုင်ရန် ၀ိုင်းဝန်းကူညီလှူဒါန်းကြသော အသင်းဝင်များ၊ သူငယ်ချင်းများ၊ အလုပ်မအားသည့်ကြားမှ သွားရောက်လှူဒါန်းပေးကြသော အောင်လံမှ အသင်းဝင်များအား အထူးကျေးဇူးတင်ရှိပါသည်။
 
               မပြုပြင်မီတွေ့ရသော မူလတန်းကျောင်းလေး . . .


 
     နောက်နှစ်စာသင်နှစ်အမီ  ကြမ်းခင်းပြီးစီးနိုင်ရန် အောင်လံသုခိတာမှ သွားရောက်ခင်းလှူခဲ့ပါတယ် . . .

 
  ကြမ်းခင်း ခင်းအပြီး ဓါတ်ပုံများကို အလှူရှင်များ ၀မ်းသာပီတိဖြစ်စေရန် ဆက်လက်ဖော်ပြပေးပါမည်။ 
အောင်လံသုခိတာ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥