...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, November 10, 2013

လစဉ်အစည်းအဝေးနှင့်ဆွေးနွေးဖြစ်ခဲ့သည်များ . . .

 အောင်လံသုခိတာ လစဉ်အစည်းအဝေးကို ၁၀.၁၁.၂၀၁၃ တနင်္ဂနွေနေ့၊ Funan Digital Mall , Level 5 Food Court တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဆွေးနွေးဖြစ်ခဲ့ကြသည်များမှာ . . .
  • စတုတ္တအကြိမ် စင်ကာပူနိုင်ငံ၊ ပရဟိတအသင်းများစုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲတွင်   အောင်လံသုခိတာအသင်းမှ နှစ်စဉ်ထည့်ဝင်နေကျ အတိုင်း အလှူငွေ $600 လှူဒါန်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
  • အောင်လံမြို့နယ် ပရဟိတအဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်သော စာပေဟောပြောပွဲတွင် အောင်လံသုခိတာအသင်းမှ အလှူငွေ ၇သောင်းကျပ် ထည့်ဝင်လှူဒါန်းရန် 
  • အောင်လံသုခိတာအသင်းဝင်များ ပိုမိုစည်းလုံးချစ်ခင်မှုရရှိစေရန် အသင်းမှဦးစီး၍ အဖွဲ့လိုက်ခရီးသွားရန်၊ သွားရောက်မည့်နေရာနှင့် အချိန်အား အသင်းဝင်များနှင့်တိုင်ပင်၍ အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
  • လက်ရှိအစည်းအဝေးတွင် တက်ရောက်သည့်ဦးရေး နည်းပါးနေသည့်အတွက် အားလုံးတက်ရောက်နိုင်ကြစေရန်အသင်းဝင်များ၏ သဘောထားကောက်ယူ၍ အစည်းအဝေးကို လစဉ်(သို့မဟုတ်)နှစ်လတစ်ကြိမ် ကျင်းပရန်၊ 
  အစရှိသော ဆွေးနွေးချက်များနှင့် အသင်းရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ အောင်လံသုခိတာအသင်းအား ယခုအချိန်အထိ လူအင်အား၊ငွေအင်အားဖြင့်လှူဒါန်းကူညီကြသောအသင်းဝင်များအား အောင်လံသုခိတာအသင်းမှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုထက်ပို၍ စည်းလုံးချစ်ခင်စွာ ပူပေါင်းကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 လှူဒါန်းမှုအစုစုကို နတ်လူသာဓုခေါ်စေသော် . . .

   အောင်လံသုခိတာ

Saturday, September 14, 2013

စတုတ္ထအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းရန်ဖိတ်ခေါ်ခြင်း

မြန်မာပရဟိတအဖွဲ့များ(စင်ကာပူ) မြွေဆိပ်ဖြေဆေးကော်မတီမှ စတုတ္ထအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် လှူဒါန်းမည်ဖြစ်ပါသည်။ ထို့ကြောင့် စင်ကာပူရှိမြန်မာပရဟိတအဖွဲ့များအားသိရှိရန်ကြိုတင် အကြောင်းကြားအပ်ပါသည်။ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ပရဟိတအဖွဲ့များအားလည်း ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးအပ်ပါသည်။ မြန်မာပရဟိတအဖွဲ့များ(စင်ကာပူ) မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းလှူဒါန်းခဲ့ရာ တတိယအကြိမ်ထိ လှူဒါန်းခဲ့ပြီး အသက်ပေါင်း ၂၀၀၀ ခန့်ကယ်တင်နိုင်ပြီးဖြစ်ပါသည်။ ယခုအကြိမ်တွင်လည်း တတပ်တအား ပါဝင်လှူဒါန်းကြပါရန် မြွေဆိပ်ဖြေဆေးကော်မတီကိုယ်စား အောင်လံသုခိတာအသင်းမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အောင်လံသုခိတာ အသင်းဝင်များနှင့် သူငယ်ချင်းများ ယခင်နှစ်ထက် ပိုမိုလှူဒါန်းနိုင်ပါစေရန်ကြိုတင်အကြောင်းကြားအပ်ပါသည်။။။။

Saturday, August 24, 2013

အောင်လံသုခိတာ လစဉ်လှူဒါန်းမှုမှတ်တမ်းများ

အောင်လံသုခိတာ လစဉ်လှူဒါန်းမှုများအဖြစ် ဇေယျသုခဘုန်းတော်ကြီးသင်ပညာ
ရေးကျောင်း၊ စခန်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်ဘိုးဘွားရိပ်သာ တို့အား သွားရောက်လှူဒါန်းမှု မှတ်တမ်းဓါတ်ပုံများ . . .











 ယခုကဲ့သို့ လစဉ်လှူဒါန်းမှုများဖြစ်မြောက်စေရန် လစဉ်လှူဒါန်းထောက်ပံ့ပေးကြသော အလှူရှင်များ၊ လစဉ်မပျက်မကွက်သွားရောက်လှူဒါန်းပေးကြသော အောင်လံသုခိတာအသင်းဝင်များ၊ ၀ိုင်းဝန်းကူညီပေးကြသော သူငယ်ချင်းများအားလုံးကို အထူးပင်းကျေးဇူးတင်ရှိပါသည်။






Tuesday, August 20, 2013

အောင်လံသုခိတာမှလှူဒါန်းသည့် မြွေဆိပ်ဖြေဆေးဖြင့် မြွေကိုက်ခံလူနာအား အသက်ကယ်တင်နိုင်ခြင်း ......

        16.8.2013 မနက်ရှစ်နာရီခန့် တွင် ဖိုကိုးလုံးကျေးရွာနေ မနီလာအောင် အသက် ၃၁နှစ်အား မြွေပွေးအကိုက်ခံရသဖြင့် ဖိုကိုးလုံးကျေးရွာတွင် အဆင်သင့်ထားရှိသော မြွေဆိပ်ဖြေဆေးအား အချိန်မီထိုးနိုင်ခဲ့ပြီး အောင်လံဆေးရုံသို့  ပို့ ဆောင်ကုသနိုင်ခဲ့သဖြင့် အသက်ဆုံးရှုံးမှုမရှိပဲ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်.. ယခုကဲ့သို့ တန်ဖိုးကြီးလှသော လူ့ အသက်တစ်ချောင်းအား အချိန်မီကယ်တင်နိုင်ခဲ့သဖြင့် မြွေဆိပ်ဖြေဆေး ဝယ်ယူလှူဒါန်းကြသောအလှူရှင်များ, အောင်လံသုခိတာ(စင်ကာပူ)အသင်းဝင်များ, မြွေဆိပ်ဖြေဆေး မပြတ်စေရန် စီစဉ်ဝယ်ယူထိန်းသိမ်းခဲ့ကြသော အောင်လံသုခိတာ အသင်းဝင်များအားလုံးကို မြွေကိုက်ခံလူနာများကိုယ်စား အောင်လံသုခိတာအသင်းမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့်ဆထက်တပိုးလှူဒါန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်....
 

Sunday, July 28, 2013

အောင်လံသုခိတာ စာအုပ်စင်


    
      စာပေ၀ါသနာရှင်သူငယ်ချင်းများ မိမိနှစ်သက်ရာ စာအုပ်များကို လွယ်ကူစွာ ကူးယူဖတ်ရှုနိုင်စေရန် အောင်လံသုခိတာ စာအုပ်စင် စာမျက်နှာအသစ်ကို ထားရှိပါသည်။ အခြားသော စာရေးဆရာများနှင့်စာအုပ်သစ်များကို ထပ်မံဖြည့်စွက် တင်ပေးနိုင်ရန် ကြိုးစားသွားပါမည်။ အောင်လံသုခိတာအသင်းအား ကူညီထောက်ပံ့ပေးကြသော သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ . . .




အောင်လံသုခိတာ

Tuesday, July 16, 2013

ဇေယျသုခကျောင်းနှင့်စန်းသာကျောင်းတိုက်ရှိ မိဘမဲ့ကလေးငယ်များ၊ဆင်းရဲချို့တဲ့သောကလေးငယ်များအား ကျောင်းဝတ်စုံများပေးအပ်လှူဒါန်းခြင်း . . .

   ၁၅/၇/၂၀၁၃ ရက်နေ့တွ င်အောင်လံသုခိတာအသင်းမှ အောင်လံမြို့နယ်ရှိ ဇေယျသုခ ကိုယ်ထူကိုယ်ထ မူလတန်းလွန်ဘ/က ကျောင်းနှင့် စခန်းသာ မူလတန်း ဘ/က ကျောင်းရှိ ကျောင်းသား/သူ များအား သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဇေယျသုခကျောင်းသို့ ကျောင်းဝတ်စုံ ၁၇၄စုံ၊ စခန်းသာကျောင်းသို့ ၇၉ စုံ စုစုပေါင်း ၂၅၃ စုံ(ကာလတနိဖိုး ၇၀၀၀၀၀ ကျပ်) ခန့် လှူဒါန်းနိုင်ခဲ့ပါတယ်။ 
   ယခုကဲ့သို့လှူဒါန်းနိုင်ရန် ဝိုင်းဝန်းကူညီ လှူဒါန်းကြသော အောင်လံသုခိတာအသင်း စင်ကာပူ/အောင်လံ မှအဖွဲ့ဝင်များ၊ အလှူငွေထည့်ဝင်လှူဒါန်းကြသော ရန်ကုန်မြို့မှ ဦးတင့်လွင်၊ဒေါ်မြမြအေး မိသားစု၊ ကိုရီးယားနိုင်ငံမှ ကိုရဲဟိန်းဇော်၊ ကိုညီညီနိုင်၊ ကိုနောင်နောင်နှင့်တကွ  ယနေ့လှူဒါန်းပွဲအတွက် ကိုယ်တိုင်လိုက်လံဆောင်ရွက်ကြသော အောင်လံသုခိတာအဖွဲ့ဝင်များနှင့် သူငယ်ချင်းများ၊ မအားလပ်သည့်ကြားမှ လိုက်လံကူညီပေးသော ကိုရင်ကြွက်နှင့် သူငယ်ချင်းများကို အောင်လံသူ/သားများ ကျောင်းသား/သူများကိုယ်စား အောင်လံသုခိတာအသင်း မှ အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း နှင့် လှူဒါန်းမှုအစုစု တို့အား အားလုံးဝေနေယျ သုခိတာအပေါင်းတို့အားအမျှပေးဝေပါတယ် . . .


















































Sunday, June 9, 2013

အောင်လံဆရာတော် အရှင်စန္ဒိမာ တရားတော်များ

  ကင်ဆာ ဆေး ရုံ မှ လူ နာ များ . . .
အောင် လံ ဆရာ တော် အရှင် စန္ဒိမာ မှ ကင်ဆာ ဆေးရုံ လူနားများ ထံ သွားရောက် တွေ့ဆုံ အားပေ တရားပေးခြင်း ဖြစ်ပါတယ်..။FB မှာ တင်လို့ ရတာလေး တင်ပေးခြင်း ဖြစ်ပါတယ်.။ဒီ တရားအစ အဆုံးတော့ ကျွန်တော့်မှာ မရှိလို့ ရှိတဲ့ အောင်လံဆရာတော် ရဲ့ တရားလင်ခ့် တင်ပေးလိုက်ပါတယ်..။ YOUTUBE က ဒေါင်း ယူ နာကြားနိုင်ပါတယ်.။
  http://www.youtube.com/watch?v=vRrbf8bPa2A&feature=share
http://www.youtube.com/watch?v=J6s6WI4Guno&feature=share
http://www.youtube.com/watch?v=dCsvBzin2N8&feature=share
 
credit: Nay Myoo Aung Lan (အောင်လံလူငယ်လေးများဆုံဆည်းရာ)

Thursday, June 6, 2013

အောင်လံမြို့နယ် ရသစုံမဂ္ဂဇင်း (၂၀၁၃)




  အောင်လံမြို့နယ် ရသစုံမဂ္ဂဇင်း ၂၀၁၃ ထုတ်ကို ဖတ်ရှုနိုင်ပါပြီ ။
ယခု pdf ဖိုင်တွင် စာအုပ်ပုံနှိပ်ထုတ်ဝေစဉ်က မေတ္တာဖြင့်ကူညီခဲ့သော မိတ်ကပ်မီချီကို စာသားကို ဖြည့်စွက်ထားပါသည်။

Saturday, May 11, 2013

အောင်လံမြို့ အမှတ်တရပုံရိပ်များ

  အောင်လံမြို့ အမှတ်တရပုံရိပ်များအဖြစ် အောင်လံလူငယ်လေးများစုစည်းရာ facebook မှ ဓါတ်ပုံများကို ကူးယူဖော်ပြလိုက်ပါသည်။ ဓါတ်ပုံများကို ပင်ပန်းခံရိုက်ပေးကြသော ကိုရင်ကြွက်၊Thu Moe Han၊ Mogun Mgmg၊ Ni Thit စသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် ။

                                    စကားတောင်ကိုးကွေ့ ဧရာဝတီမြစ်ကျဉ်း


                                                   ကျောက်တိုင်


                                   စကိတ်ကွင်း 



                                        AGD Bank , Aunglan




                                      အောင်လံမြို့ မြို့မဈေးကြီး



                                                       နာရီစင်



                                              ကျောက်ဖြူတောင်စေတီတော်


ကျောက်ဖြူတောင်စေတီအား အဝေးမှဖူးတွေ့ရစဉ် 



                                              MLFD Bank , Aunglan



                                                 အောင်လံဘူတာ



အောင်လံမော်ကွန်း  


                             ကုသိနာရုံတောင်တော် မဟာဗောဓိစေတီတော်                             




သိမ်ကုန်းဓမ္မာရုံ ဘုရားကြီး








 အောင်မြေရွှေဝါအားကစားကွင်း 








ကုသိနာရုံဘုရား




 ကုသိနာရုံဘုရား တန်ဆောင်း


တာဝတိံသာတောင်တော် ပြည်လုံးချမ်းသာဘုရားကြီး  



 အေးစေတီ 


ဘုရားနီ


ကန်လည်ဓမ္မာရုံ    



နေ၀င်ချိန်





အထက (၂) ၊ အောင်လံ


♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥