...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, December 9, 2012

အောင်လံသုခိတာ(အောင်လံ) ၂နှစ်ပြည့်အခမ်းအနား လှူဒါန်းမှု

  အောင်လံသုခိတာ(အောင်လံ)အသင်း ၂နှစ်ပြည့်အခမ်းအနား အထိမ်းအမှတ်အဖြစ် ၆.၁၂.၂၀၁၂ နေ့၊ အောင်လံမြို့ ဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ကြပါတယ်။  အခမ်းအနားအစီအစဉ်များအဖြစ် ဆရာတော်များမှ ကိုးပါးသီလပေး၍ တရားဟောကြားပေးခြင်း၊ ဆရာတော်များအား ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ အဘိုးအဘွားများအား ကန်တော့ခြင်း၊ အဘိုးအဘွားများအား ဂွမ်းစောင်နှင့်စားသောက်ဖွယ်ရာများလှူဒါန်းခြင်း၊ ဆရာတော်မျာအား နေ့ဆွမ်းကပ်လှူခြင်း၊ အဘိုးအဘွားများအား နေ့လည်စာ ကျွေးမွေးခြင်းတို့ ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။
 ၂နှစ်ပြည့်အခမ်းအနားတွင် မတည်အလှူရှင် ကိုနောင်နောင်(ကိုရီးယား)မှ အဘိုးအဘွားများအတွက် ဂွမ်းစောင်များကို လှူဒါန်းခဲ့ပါသည်။
    ယခုကဲ့သို့ အောင်လံသုခိတာ(အောင်လံ) ၂နှစ်ပြည့်အခမ်းအနားအတွက် ၀ိုင်းဝန်းလှူဒါန်းကူညီကြသော ညီအကိုမောင်နှမများနှင့် အောင်လံသုခိတာအဖွဲ့ဝင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။


                                       ဆရာတော်များမှ ကိုးပါးသီလ ချီးမြှင့်နေစဉ်
                                
 

                              ဆရာတော်များ နေ့ဆွမ်း ဘုန်းပေးနေစဉ်


                  အဘိုးအဘွားများအား နေ့လည်စာ ကျွေးမွေးနေစဉ်

                      အဘိုးအဘွားများအား ဂွမ်းစောင်နှင့်စားသောက်ဖွယ်ရာများ လှူဒါန်းနေစဉ်





                အခမ်းအနားဖြစ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အဖွဲ့ဝင်များ


အောင်လံသုခိတာ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥