...
Tab Menu E
♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥
Friday, August 31, 2012
ပညာဒီပ အသင်းရည်ရွယ်ချက်နှင့်ဆောင်ရွက်မှုများ
   အောင်လံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်ကလေးများ၏ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် လူငယ်လူရွယ်တို့၏ အကျင့်သီလနှင့်ပညာကို ပူးတွဲမြှင့်တင်နိုင်ရေးအတွက်   အောင်လံမြို့နယ်လူမှု့ဖွံ့ဖြိုးရေးစိတ်တူကိုယ်တူများနှင့်ဖွဲ့စည်းထား
သည့် အသင်းကြီး ဖြစ်ပါသည်။ ကျွန်တော်တို့ အသင်းကြီး၏ ရည်ရွယ်ချက်များမှာ (က) လူငယ်လူရွယ်များ၏ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် (ခ) မြတ်စွာဘုရားရှင်၏ တရားတော်နှင့်အညီ ကိုယ်ကျင့်သီလဖြူစင်ကြံ့ခိုင်သော ကိုယ်၊နှုတ်၊နှလုံး သုံးပါးလုံး ယဉ်ကျေးသိမ်မွေ့သော နိုင်ငံ့သားကောင်း ၊ သမီးကောင်း ရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် (ဂ) ဖွံ့ဖြိုးတိုးတက်လာသော ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရေးနှင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာကို လွယ်ကူစွာ လေ့လာသင်ယူတတ်မြောက်စေရန် တို့ဖြစ်ပါသည်။ပညာဒီပအသင်းမှကြီးမှူးဖွင့်လှစ်ခဲ့ပြီးသောသင် တန်းများမှာ (၁)နွေရာသီယဉ်ကျေးမှုသင်တန်း၁/၂၀၁၂ (၂)နွေရာသီယဉ်ကျေးမှုသင်တန်း ၂/၂၀၁၂ နှင့်ယခုလက်ရှိ ၃/၂၀၁၂သင်တန်း အားဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
တက်ရောက်သူများသည် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မပျက်မကွက်တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းများကို ယခုနှစ် ၂၀၁၂ - ခုနှစ်မတ်လ(၂)ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားဦးရေ (၆၉၄)ဦး ထိ လက်ခံသင်ကြားပေးပြီးဖြစ်ပါသည်။
Thursday, August 30, 2012
ပညာဒီပ အသင်း
    အောင်လံမြို့တွင်း၌ရှိကြသော ရပ်ဝေးရပ်နီးတွင် ရောက်ရှိနေကျသော အောင်လံမြို့သူ/သားများခင်ဗျား ကျနော်တို့အောင်လံမှာ လူမှု့ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တတတ်တအားမှာ ပါဝင်ကူညီနိုင်ရန်အတွက် ပညာဒီပအသင်းအားတည်ထောင်၍ ကွန်ပြူတာအခြေခံသင်တန်းများ၊ အခြေခံအဂ
င်္လိပ်စကားပြောနှင့် ယဉ်ကျေးမှုသင်တန်းများအား စဉ်ဆက်မပြတ် သင်ကြားပို့ချပေးနေပါသည်။
ကျနော်တို့ပညာဒီပအသင်းနှင့် ပတ်သက်၍ သိရှိလိုသူများ၊ အကြံဥာဏ်ပေးလိုသူများ၊ ရံပုံငွေထည့်ဝင်လိုသူများ အနေဖြင့် ကျနော်တို့၏ လုပ်ငန်းဆောင်တာများအား ဤ Facebook အကောင့်မှနေ၍ စဉ်ဆက်မပြတ်အသိပေးသွားမည်မှာ ဖြစ်ပါတယ်ခင်ဗျား။
ရပ်နီးရပ်ဝေးရှိ မြို့သူမြို့သားအချင်းချင်းလည်း Share ပေးကျပါခင်ဗျား။
အသင်း၏ နည်းပညာဘလော့ဂ်ကိုလည်း အကြံဥာဏ်များပေးခြင်း၊ Facebook ကဲ့သို့သော လူမှု့ရေးကွန်ယက် ၀က်ဘ်စိုက်များတွင် Share လုပ်ခြင်းဖြင့် ၀ိုင်းဝန်းကူညီကြပါခင်ဗျား။
http://pyinnyardepa.blogspot.com/
Friday, August 17, 2012
  အောင်လံသုခိတာ လစဉ်အစည်းအဝေးကို 19.8.2012 တနင်္ဂနွေနေ့၊ညနေ ၆နာရီ၊  Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  အစည်းဝေးတွင် အသင်း၏ လက်ရှိလှူဒါန်းမှုများကို ရှင်းလင်းတင်ပြပြီး ၊ ရှေ့ဆက်လှူဒါန်းရန်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ပါ၍ အသင်းဝင်များအား တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
 သင့်ရဲ့ပါဝင်မှုဟာ အသင်းရဲ့ ခွန်အားပါပဲ . . .
အောင်လံသုခိတာ
♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥