...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, July 14, 2012

ဝမ်းနည်းကြောင်းသ၀ဏ်လွှာ .

      အောင်လံသုခိတာ(ရွှေပန်းတော)အသင်း ဥက္ကဌ ဦးမောင်လွင်သည် 11.7.2012 ည၊ SSC ဆေးရုံတွင် ဦးနှောက်သွေးကြောပေါက်၍ ဆုံးပါးသွားကြောင်း ကြားသိရပါ၍ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အောင်လံသုခိတာ အသင်းမှ ၀မ်းနည်းပါကြောင်း . . .

    18.7.2012နေ့  ဦးမောင်လွင်၏ ရက်လည်ဆွမ်းသွပ်အတွက် အောင်လံသုခိတာမှ အလှူငွေ ၂သိန်းထည့်ဝင်လှူဒါန်းပါသည်။
 
   အောင်လံသုခိတာကုသိုလ်ကောင်းမှုအစုစုအတွက် အမျှရနိုင်ပါစေ . . .
 

Sunday, July 1, 2012

အောင်လံမြို့၏ စာပေဟောပြောပွဲအတွက် အခက်အခဲတွေ့နေရခြင်း

     
        ယခင် အောင်လံမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး မြို့နယ်စာရေးဆရာအသင်းကို အသစ်ဖွဲ့စည်းလိုက်ပြီးနောက် ပထမဆုံးအကြိမ် အစည်းအဝေးကို (၃၀-၆-၂၀၁၂)နေ့တွင် ကျင်းပရာ၊ အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်အကောင်အထည်ဖော်ရန်အတွက် ပထမဦးစားပေးအစီအစဉ်အား ၂၀၁၂ ခုနှစ် စာပေဟောပြောပွဲကျင်းပနိုင်ရေး ဟု ခေါင်းစဉ်တပ်သတ်မှတ်ခဲ့ကြပါတယ်။ သို့သော် မြို့ခံစာရေးဆရာများအနေဖြင့် ငွေကြေးပြည့်စုံသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ၊ ရှိရှိသမျှ ရန်ပုံငွေ သောင်းဂဏန်းလောက်ဖြင့် မည်သို့မျှ မတတ်နိုင်ကြကြောင်း၊ ထို့ကြောင့် အလှူရှင်(ခ)ပံ့ပိုးသူများအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ သတင်းကြားသိသော ၀ါသနာရှင် စေတနာရှင်များအနေဖြင့်လည်း ပံ့ပိုးကူညီရန် မေတ္တာရပ်ခံသည့်အကြောင်း သတင်းရရှိပါတယ်။
နောက်ဆက်တွဲသတင်းအနေနဲ့ စာပေဟောပြောပွဲအတွက် ခန့်မှန်းလျာထားတဲ့ စာရေးဆရာများမှာ (၁)အောင်လံနယ်သားတစ်ဦးလည်းဖြစ်၊ အမျိုးသားစာပေဆု အမြောက်အများရရှိသူလည်းဖြစ်၊ ထွန်းဖောင်ဒေးရှင်း ကလေးကဗျာဆု ပူပူနွေးနွေးရရှိထားသူလည်းဖြစ်၊ အောင်လံတွင် တစ်ခါမျှ ဟောပြောခွင့်မရသေးသူလည်းဖြစ်သော စာရေးဆရာ ကဗျာဆရာမြေလတ်မောင်မြင့်သူ၊ (၂)ဆရာမ မနှင်းဖွေးနှင့် (၃)ဆရာမ ကြူကြူသင်း တို့အား လက်ရှိလျာထားကြောင်း သိရှိရပါတယ်။ ကူညီပံ့ပိုးလိုသူများ ပံ့ပိုးနိုင်ရန်နှင့် စိတ်ပါဝင်စားသူများအချင်းချင်း လက်တို့လှူဒါန်းနိုင်ပါရန် သတင်းပေးလိုက်ရပါတယ်။
 
source from fb ကိုရင်ကြွက်

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥