...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, June 30, 2012

ဂုဏ်ပြုမှတ်တမ်းလွှာများ

Wednesday, June 20, 2012

လစဉ်လှူဒါန်းမှုမှတ်တမ်းများ

    ဇွန်လ ဒုတိယပတ်တွင် အောင်လံသုခိတာ(အောင်လံ) အဖွဲ့ဝင်များသည်  လစဉ်လှူဒါန်လျက်ရှိသော ဇေယျသုခ ဘ/က ကျောင်း စခန်းသာ ဘ/ကကျေင်း နှင့် အောင်လံ ဘိုးဘွားရိပ်သားများသို့ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် ၂၀၁၂-၂၀၁၃ စာသင်နှစ်  ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှုများအားလည်း လေ့လာ အားပေးခဲ့ကြပါသည်။ ယခုကဲ့သို့ လစဉ်လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် လှူဒါန်းထောက်ပံကြသော အောင်လံသုခိတာအဖွဲ့ဝင်များနှင့် အခြားသော အလှူရှင်များအားလုံးကို အောင်လံမြို့ကိုယ်စား အောင်လံသုခိတာအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းမှုအစုစုတို့ကို  အားလုံးသောအလှူရှင်များနှင့် ဝေနေယျ၊သုခိတ အပေါင်းတို့အား အမျှ ပေးဝေပါ၏။ အားလုံးအမျှရကြ၍ ကျန်းမာချမ်းသာရှိကြပါစေသော်...














အောင်လံသုခိတာ

Wednesday, June 13, 2012

မြွေဆိပ်ဖြေဆေးလှူဒါန်းမှုမှတ်တမ်း

    April 2012  ဒုတိယပတ်တွင် အောင်လံမြို့နယ်ဆေးရုံသို့ရောက်
ရှိလာသော မြွေကိုက်လူနာများအား အောင်လံသုခိတာ အသင်းမှ မြွေဆိပ်ဖြေဆေးများလှူဒါန်းပြီး လူနာများ  တိုးတက်မှုအခြေနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ မြွေကိုက်ခံ လူနာအားလုံးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ အောင်လံသုခိတာအသင်းဝင်များနှင့်အလှူရှင်များအားလုံးကို လူနာမိသားစုများရဲ့ကိုယ်စား အောင်လံသုခိအာ အသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်ုပ်တို့၏ လှူဒါန်းမှုများကို အလှူရှင်များအားလုံးအား အမျှပေးဝေပါကုန်၏။





အောင်လံသုခိတာ . . .

Friday, June 1, 2012

လစဉ်အစည်းအဝေးဖိတ်ကြားလွှာ

  အောင်လံသုခိတာ လစဉ်အစည်းအဝေးကို 3.6.2012 တနင်္ဂနွေနေ့၊ညနေ ၆နာရီ၊  Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  အသင်း၏ လက်ရှိလှူဒါန်းမှုများကို ရှင်းလင်းတင်ပြပြီး ၊ ရှေ့ဆက်လှူဒါန်းရန်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ပါ၍ အသင်းဝင်များအား တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။





 သင့်ရဲ့ပါဝင်မှုဟာ အသင်းရဲ့ ခွန်အားပါပဲ . . .

အောင်လံသုခိတာ

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥