...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Friday, May 25, 2012

အောင်လံမြို့မှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး

     အောင်လံမြို့မှာ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ကျင်းပပြုလုပ်မြဲဖြစ်တဲ့ မြို့နယ်လုံးကျွတ် ၀ါဆိုသံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးဟာဆိုရင် အခု ၂၀၁၂ ခုနှစ်မှာ (၁၁၈)ကြိမ်မြောက် ရှိခဲ့ပါပြီ။ ယခုနှစ်မှာ ကျောင်းတိုက်ပေါင်း (၁၀၄)တိုက်မှ ဆရာတော်သံဃာတော် (၁၅၁၀)ပါး၊ ကျောင်းတိုက်ပေါင်း (၁၅)တိုက်မှ သီလရှင်(၃၁၅)ပါး၊ စုစုပေါင်း (၁၈၂၅)ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခွင့်ရကြတာပဲဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အပြီးမှာ ရရှိတဲ့စာရင်းအရတော့ စုစုပေါင်း ဆွမ်းဆန်စိမ်း(၃၈၇၅)တင်း၊ ကြက်သွန်နီ(၈၉၂)ပိဿာ၊ ဆီ(၉၁၃)ပိဿာ၊ ဆား(၇၀)ပိဿာ အလှူခံရရှိကြောင်း သိရှိရပါတယ်။ ဆွမ်းဆန်အနေနဲ့ကတော့ ယခုနှစ်မှာ အနားနီးကာမှ ဆန်ဈေး အနည်းငယ်ကျဆင်းသွားတဲ့အတွက် ပိုမိုလောင်းလှူနိုင်ကြတာကို တွေ့ရပါတယ်။ လောင်းလှူနိုင်တဲ့ ဆန်အရည်အသွေးလည်း ပိုမိုကောင်းမွန်လာတာကို တွေ့နေရပါတယ်။ တကယ်တော့ ဆန်တစ်အိတ်၊ တစ်အိတ်ခွဲဆိုရင်ပဲ အသင့်အတင့်နှုန်းနဲ့ အစအဆုံးလောင်းလှူနိုင် ကြပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပုံကတော့ နေ့လည်(၃)နာရီမှာ မြို့လယ်ရှိ သိမ်ကုန်းဓမ္မာရုံဘုရားကြီးမှ စတင်ပြီး ဆရာတော်သံဃာတော်များ၊ ထို့နောက် သီလရှင်ဆရာလေးများမှ အစဉ်အတိုင်း မြို့တစ်ဝက် တစ်ပတ်ပတ်ပြီး ဆွမ်းခံကြွကြတာဖြစ်ပါတယ်။ သီလရှင်ဆရာလေးများနောက်မှာ မြင်ရတာကတော့ အခြားနယ်နီးစပ်ရာများမှ သံဃာတော်များနှင့် သီလရှင်များကို ထပ်မံ လောင်းလှူခွင့်ရကြပါတယ်။ အဲဒီအချိန်မှာဆိုရင် လောင်းလှူဖို့ရည်ရွယ်ထားကြတဲ့ ဆွမ်းဆန်များလည်း ကုန်သလောက်ဖြစ်သွားကြပါပြီ။ ထိုသို့ အခြားမြို့နယ်နီးစပ်မှ သံဃာတော်၊ သီလရှင်များနောက်မှာ တွေ့ရတာကတော့ ဆွမ်းဆန်စိမ်းလောင်းလှူပြီး ပိုသော အကြွင်းအကျန်လေးများကို ဆင်းရဲနွမ်းပါးသူများမှ အလုအယက် တိုးဝှေ့တောင်းရမ်းနေကြရာ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ စနစ်တကျ တန်းစီအလှူခံနိုင်စေရန် စီမံပေးကြရတာကို တွေ့ရပါတယ်။ တောင်းရမ်းနေကြသော ဆင်းရဲနွမ်းပါးသူများအား တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက် ဆန်လှူနေကြတာကို တွေ့မြင်ရသည်မှာလည်း ကြည်နူးဖွယ်ရာ တစ်မျိုးကောင်းသည်ဟု ခံစားမိစေနိုင်ပါတယ်။
မနှစ်က (၁၁၇)ကြိမ်မြောက်မှာတော့ MRTV-4 ရိုက်ကူးရေးအဖွဲ့မှ လာရောက်ရိုက်ကူးထုတ်လွှင့် ပေးသွားပါတယ်။ မနှစ်က လောင်းလှူပွဲမှာ တွေ့ရတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုခုကိုတော့ ယခုနှစ်မှာ မတွေ့ရပါဘူး။ ဒီချုပ်ပါတီအနေနဲ့ ယခုနှစ်မှာ ဆွမ်းဆန်စိမ်းအပြင် ဖျော်ရည်အအေးများလည်း လောင်းလှူတိုက်ကျွေးကြတာကို တွေ့ရပါတယ်။ ညနေ(၆)နာရီခန့်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါတယ်။







 ကိုရင်ကြွက် 

နေ၀င်ချိန်




အရင်ကဆိုရင်တော့ ညနေတစ်ချို့မှာ
 အောင်လံရဲ့နေ၀င်ချိန်တွေကို ထိုင်ကြည့်ဖူးပါတယ်။
 အခုတော့ မကြည့်ဖြစ်တာကြာပေါ့ . . .
အောင်လံရေ . . .
ကံမကုန်သေးရင်တော့ 
ပြန်ဆုံချင်သေးတယ် . . .

   ကိုမောင်


photo credit to : facebook/gruop/aunglan

Monday, May 21, 2012

အပတ်စဉ် တနင်္ဂနွေနေ့ညနေတိုင်း မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ

    ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့...
မင်္ဂလ၀ိဟာရဘုန်းတော်ကြီးကျောင်း ဆရာတော်များနှင့် ကျွန်တော် ကျွန်မတို့ အဘိဓမ္မာ အသင်းကြီး(စင်္ကာပူ) တို့ဦးစီးကာ ကျင်းပပြုလုပ်သော
အပတ်စဉ် တနင်္ဂနွေနေ့ညနေတိုင်း မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက် ကုသိုလ်ယူ ပါဝင်ပူဇော်နိုင်ကြစေရန်
လေးမြတ်သော စိတ်ထားဖြင့် နိဗ္ဗာန် အကျိုးမျှော်ကာ နှိုးဆော် ဖိတ်ကြားအပ်ပါသည် တရားချစ်ခင် သူတော်စင် အပေါင်းတို့...

Inline image 1





Inline image 2



ကျင်းပမည့်နေရာ...
တတိယထပ် ၊ မင်္ဂလ၀ိဟာရ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
30 Jalan Eunos, Singapore 419495

ကျင်းပမည့်အချိန်...
ညနေ ၇း၀၀ မှ ၈း၃၀ နာရီအထိ

နတ်လမ်းညွှန်
Nearest MRT Station : Eunos MRT
Bus: 21, 60, 63, 93, 854

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
  • ဦးမြင့်သိန်း - ၈၁၅၉ ၃၉၈၉
  • ကိုစည်သူအေးကို - ၉၁၀၈ ၃၆၇၈
  • မဖြူမွန်သန့် - ၈၅၁၁ ၀၁၈၇

Tuesday, May 15, 2012

၂ နှစ်ပြည့်တွေ့ဆုံပွဲအခမ်းအနား အမှတ်တရ ဓါတ်ပုံများ

     အောင်လံသုခိတာ ၂နှစ်ပြည့် တွေ့ဆုံပွဲကို 5.5.2012နေ့ East Coast Beach တွင် သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။ ထိုနေ့တွင် BBQ အသားကင်များ၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် နှင့် အအေးများကို ပျော်ရွှင်စွာ စားသောက်ကြပြီး၊ သူငယ်ချင်းများနှင့်အတူ ပါဆယ်ဂိမ်း ဆော့ကစားဖြစ်ခဲ့ကြပါသည်။










Thursday, May 3, 2012

အောင်လံသုခိတာ ၂နှစ်ပြည့်တွေ့ဆုံပွဲ ဖိတ်ကြားလွှာ

အောင်လံသုခိတာ ညီအစ်ကို၊မောင်နှမများ ခင်ဗျား ။
အောင်လံသုခိတာ အသင်း၂နှစ်ပြည့်အခမ်းအနား တွေ့ဆုံပွဲကို East Coast Beach တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သူငယ်ချင်းများအားလုံး တွေ့ဆုံပျော်ရွှင်နိုင်ကြစေရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ တွေ့ဆုံပျော်ရွှင်ပွဲတွင် BBQ အသားကင်များကို ပျော်ရွှင်စွာစားရင်းနှင့် အချင်းချင်းမိတ်ဆက်စကားပြောကြပြီး၊ အသင်းရှေ့ဆက် လှူဒါန်းရန်ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။

တွေ့ဆုံပွဲအစီအစဉ်. . .
နေ့ရက်         5.5.2012 (စနေနေ့)
နေရာ            East Coast Car Park E2 . . .

Ferry Pick up Points                    Time
1. Boonlay MRT                          5:30 pm
2. Bedok MRT                            6:15 pm

၂ နှစ်ပြည့်အခမ်းအနားသို့ ပါဝင်ဆင်နွှဲလိုသူများ တစ်ဦးလျှင် $20 နှုန်းဖြင့် အောက်ပါဖုန်းနာပါတ်များသို့ စာရင်းပေးသွင်းနိုင်ပါသည်။
၁။ ကိုစောဝင်းသန်း     ph: 9147 5411
၂။ ကိုစိုးလင်းထွန်း      ph: 8138 4733
၃။ ကိုလှိုင်ဌေးဦး        ph: 9817 2514
၎။ မ၀င့်ရွှေရည်ထွန်း    ph: 9836 5545
၅။ မဖြူနှင်းဝေ           ph: 9239 0263

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥