...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Wednesday, April 11, 2012

၂ နှစ်ပြည့် အောင်လံသုခိတာ

 အောင်လံသုခိတာ အသင်းကို 17.4.2010 (နှစ်ဆန်းတစ်ရက်) နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးလုပ်ငန်းများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်မှာ ယခုဆိုရင် ၂ နှစ်တာခရီး ရှိခဲ့ပြီဖြစ်ပါသည်။ ၂ နှစ်တာအတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းအား လစဉ်လှူဒါန်းမှု၊ မီးဘေးသင့် သငှါးကျေးရွာအား လှူဒါန်းမှု၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဘုန်းတော်ကြီးကျောင်းအား ကထိန်ခင်းလှူပွဲ၊နွေရာသီ အင်္ဂလိပ်စာသင်တန်း ပညာရေးထောက်ပံ့မှု၊ အောင်လံမြို့နယ် ဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများအား လစဉ်ထောက်ပံ့မှု၊  မြို့နယ်လုံးဆိုင်ရာ ဆရာကန်တော့ပွဲ လှူဒါန်းမှုနှင့်   ဒေသတွင်း မြို့နယ်၊ကျေးရွာများအား မြွေဆိပ်ဖြေဆေး စဉ်ဆက်မပျက် လှူဒါန်းမှု အစရှိသော ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး လှူဒါန်းမှုများအား လှူဒါန်းထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန်အထိ စုစုပေါင်းလှူဒါန်းငွေ S$14212.00  မြန်မာငွေ သိန်း ၉၀ ကျပ် ခန့် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ လစဉ် စဉ်ဆက်မပျက် လှူဒါန်းနိုင်ခဲ့ခြင်းမှာ အသင်းဝင်များ၊ အောင်လံမြို့နယ်ရှိ ညီအစ်ကိုမောင်နှမများ၊ အခြားသော မြို့နယ်များမှ သူငယ်ချင်းများ အားလုံးစုပေါင်း လှူဒါန်းမှုကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အောင်လံသုခိတာ အနေဖြင့် လှူဒါန်းမှုများ ဆက်လက်ပြုလုပ်နိုင်ရန် သူငယ်ချင်းများအားလုံး၏ လှူဒါန်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အကြံညဏ် စသည့် ငွေအင်းအား၊လူအင်အား အကူအညီများဖြင့် ကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

    အများအကျိုး ရွက်သယ်ပိုးက
    ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
    မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
    စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့  . . .


   အောင်လံသုခိတာ 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥