...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Wednesday, April 11, 2012

သစ္စာပါရမီ ဘုန်းတော်ကြီးကျောင်း သင်္ကြန်ပွဲတော်

ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့ ….

ဧပြီလသည် မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ ချိန်ခါဖြစ်ပါသည်၊
နှစ်သစ်ရောက်လေတိုင်း နှစ်ဟောင်း အညစ်အကြေးကို ဆေးကြော၍၊ နှစ်သစ်ကို
ကုသိုလ် ကောင်းမှု များဖြင့် ကြိုဆို ခြင်းသည် မြန်မာတို့ရဲ့
မြတ်နိုးဖွယ်ရာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။        အကုသိုလ် အညစ်အကြေးတို့ကို
ဆေးကြောခြင်း၊ ကုသိုလ်တရားများ ပွါးများခြင်း နှင်.အတူ
ကျောင်းရံပုံငွေအတွက် နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း တပေါင်းတည်း ကျင်းပပြုလုပ်ပါမည်။
ဘယ်အရပ် ဘယ်ဒေသကိုဘဲ ရောက်ရောက် မြန်မာလူမျိုးနှင့် အတာသင်္ကြန် သည်
ခွဲခြား၍ မရနိုင်ပါ၊
သို့ဖြစ်ပါ၍ တစ်နှစ်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တရက်၊ တစ်ရက်မှာ တစ်သက်
စွဲသွားမည့် သစ္စာပါရမီ ဓမ္မရိပ်သာမှကြီးမှူးကျင်းပတဲ့ မြန်မာ့ရိုးရာ
အတာသင်္ကြန် ပွဲတော်ပါ........

အနုပညာ ၀ါသနာရှင် လူငယ်မောင်မယ်များနှင့် GTUU Band & F-T classic
အဖွဲ့သားများက မေတ္တာဖြင့် သင်္ကြန်တေးသီချင်းများ ဖျော်ဖြေပါမည်။။
လှပျိုဖြူ လေးများရဲ့ ငြိမ့်ညောင်းတဲ့ သင်္ကြန်ရဲ့အက၊ မြူးကြွတဲ့
တေးသံသာများဖြင့် ကပြမှာမို့ အားလုံးအားလုံး နှစ်သစ်ကြည်နူးဝမ်းသာ
ပီတိဖြာရမှာပါ။
ဒါကြောင့် မို့ မြန်မာ့ရိုးရာ သင်္ကြန်အက အလှများကို ကြည့်ရှု နားဆင်ရင်း
မြန်မာ့ အစားအစာများကို ချမ်းမြေ့စွာ ကုသိုလ်ယူ စားသုံးနိုင်ပါရန်
ဖိတ်ကြား အပ်ပါသည်။


No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥