...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, April 28, 2012

လစဉ်လှူဒါန်းမှုမှတ်တမ်းများ

  အောင်လံသုခိတာ လစဉ်လှူဒါန်းမှုများဖြစ်ကြသော စခန်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဇေယျသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဘိုးဘွားရိပ်သာတို့အား April လအတွက် အောင်လံသုခိတာအသင်းဝင်များမှ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

စခန်းသာကျောင်းသို့ သွားရောက်လှူဒါန်းစဉ်










ဇေယျသုခကျောင်းတိုက်သို့ သွားရောက်လှူဒါန်းစဉ်





ဘိုးဘွားရိပ်သာရှိ အဘိုးဘွားများအား သွားရောက်လှူဒါန်းစဉ်




 လှူဒါန်းမှုအစုစုကို နတ်လူသာဓုခေါ်နိုင်ကြပါစေ . . .

   အောင်လံသုခိတာ

Thursday, April 26, 2012

အောင်လံမြို့နယ် သနပ်ကျေးရွာ စာသင်ကျောင်းအတွက် ကြမ်းခင်းနှင့်စာသင်ခုံ လှူဒါန်းခြင်း

    အောင်လံမြို့၊ သနပ် ကျေးရွာရှိ မူလတန်းကျောင်းလေးမှာ အကာနှင့်အခင်းများ ကောင်းမွန်စွာမရှိသည့်အပြင် စာသင်ခုံများလည်း လုံလောက်စွာ မရှိသည့်အတွက် အောင်လံသုခိတာမှ စာသင်ခုံများနှင့်ကြမ်းခင်းများကို ယခုနှစ် စာသင်နှစ်အမှီ သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ထို့ပြင်ကျေးရွာလူကြီးများနှင့်တိုင်ပင်၍ အမိုးနှင့်အကာ လှူဒါန်းနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ပါသည်။  ယခုကဲသို့ ပညာရေးဒါန လှူဒါန်းမှုဖြစ်မြောက်အောင် အလှူငွေခဲ့ဝင်ကြသော အောင်လံသုခိတာအသင်းဝင်များနှင့် အခြားသောအလှူရှင်များအား လှိုက်လှဲဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုသိုလ်ကောင်းမှုအစုစုကို နတ်လူသာဓု ခေါ်နိုင်ကြပါစေ . . .


                စာသင်ခုံ၊ ကြမ်းခင်းနှင့် အကာ လုံလောက်စွာ မရှိသော စာသင်ကျောင်းလေး . . .




Friday, April 13, 2012

တတိယအကြိမ် စင်ကာပူနိုင်ငံ ပရဟိတမိသားစုများ မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲနှင့် ရှင်းလင်းတင်ပြချက်

   တတိယအကြိမ်မြောက် စင်ကာပူနိုင်ငံ ပရဟိတမိသားစုများ မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲအခမ်းအနားကို ၇.၃.၂၀၁၂ (၁၃၇၃၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့)၊  ရန်ကုန်မြို့၊ နာဂလိုဏ်ဂူ၊ ကလေးဝတောရကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်ရာ မြွေဆိပ်ဖြေဆေးအလုံး ၉၀၀ ကျော်ကို၊ မြွေဆိပ်ဖြေဆေးအလှူခံရာ မြို့နယ်/ဒေသ ၄၈ နေရာသို့၊ လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။ စင်ကာပူနိုင်ငံ ပရဟိတမိသားစုများမှ စုစုပေါင်းလှူဒါန်းငွေ S$13076 ၊ မြန်မာငွေ ၈၃၉၀၉၁၀ ကျပ် (ရှစ်ဆယ့်ကိုးသိန်းကိုးရာ့တစ်ဆယ်ကျပ်တိတိ) ဖြစ်ပါသည်။ ထိုလှူဒါန်းငွေများထဲတွင် အောင်လံသုခိတာမှ လှူဒါန်းငွေ S$600 ဖြစ်ပါသည်။



  
         တတိယအကြိမ် မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲနှင့်လက်ခံပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ

Wednesday, April 11, 2012

၂ နှစ်ပြည့် အောင်လံသုခိတာ

 အောင်လံသုခိတာ အသင်းကို 17.4.2010 (နှစ်ဆန်းတစ်ရက်) နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးလုပ်ငန်းများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်မှာ ယခုဆိုရင် ၂ နှစ်တာခရီး ရှိခဲ့ပြီဖြစ်ပါသည်။ ၂ နှစ်တာအတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းအား လစဉ်လှူဒါန်းမှု၊ မီးဘေးသင့် သငှါးကျေးရွာအား လှူဒါန်းမှု၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဘုန်းတော်ကြီးကျောင်းအား ကထိန်ခင်းလှူပွဲ၊နွေရာသီ အင်္ဂလိပ်စာသင်တန်း ပညာရေးထောက်ပံ့မှု၊ အောင်လံမြို့နယ် ဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများအား လစဉ်ထောက်ပံ့မှု၊  မြို့နယ်လုံးဆိုင်ရာ ဆရာကန်တော့ပွဲ လှူဒါန်းမှုနှင့်   ဒေသတွင်း မြို့နယ်၊ကျေးရွာများအား မြွေဆိပ်ဖြေဆေး စဉ်ဆက်မပျက် လှူဒါန်းမှု အစရှိသော ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး လှူဒါန်းမှုများအား လှူဒါန်းထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန်အထိ စုစုပေါင်းလှူဒါန်းငွေ S$14212.00  မြန်မာငွေ သိန်း ၉၀ ကျပ် ခန့် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ လစဉ် စဉ်ဆက်မပျက် လှူဒါန်းနိုင်ခဲ့ခြင်းမှာ အသင်းဝင်များ၊ အောင်လံမြို့နယ်ရှိ ညီအစ်ကိုမောင်နှမများ၊ အခြားသော မြို့နယ်များမှ သူငယ်ချင်းများ အားလုံးစုပေါင်း လှူဒါန်းမှုကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အောင်လံသုခိတာ အနေဖြင့် လှူဒါန်းမှုများ ဆက်လက်ပြုလုပ်နိုင်ရန် သူငယ်ချင်းများအားလုံး၏ လှူဒါန်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အကြံညဏ် စသည့် ငွေအင်းအား၊လူအင်အား အကူအညီများဖြင့် ကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

    အများအကျိုး ရွက်သယ်ပိုးက
    ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
    မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
    စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့  . . .


   အောင်လံသုခိတာ 

သစ္စာပါရမီ ဘုန်းတော်ကြီးကျောင်း သင်္ကြန်ပွဲတော်

ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့ ….

ဧပြီလသည် မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ ချိန်ခါဖြစ်ပါသည်၊
နှစ်သစ်ရောက်လေတိုင်း နှစ်ဟောင်း အညစ်အကြေးကို ဆေးကြော၍၊ နှစ်သစ်ကို
ကုသိုလ် ကောင်းမှု များဖြင့် ကြိုဆို ခြင်းသည် မြန်မာတို့ရဲ့
မြတ်နိုးဖွယ်ရာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။        အကုသိုလ် အညစ်အကြေးတို့ကို
ဆေးကြောခြင်း၊ ကုသိုလ်တရားများ ပွါးများခြင်း နှင်.အတူ
ကျောင်းရံပုံငွေအတွက် နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း တပေါင်းတည်း ကျင်းပပြုလုပ်ပါမည်။
ဘယ်အရပ် ဘယ်ဒေသကိုဘဲ ရောက်ရောက် မြန်မာလူမျိုးနှင့် အတာသင်္ကြန် သည်
ခွဲခြား၍ မရနိုင်ပါ၊
သို့ဖြစ်ပါ၍ တစ်နှစ်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တရက်၊ တစ်ရက်မှာ တစ်သက်
စွဲသွားမည့် သစ္စာပါရမီ ဓမ္မရိပ်သာမှကြီးမှူးကျင်းပတဲ့ မြန်မာ့ရိုးရာ
အတာသင်္ကြန် ပွဲတော်ပါ........

အနုပညာ ၀ါသနာရှင် လူငယ်မောင်မယ်များနှင့် GTUU Band & F-T classic
အဖွဲ့သားများက မေတ္တာဖြင့် သင်္ကြန်တေးသီချင်းများ ဖျော်ဖြေပါမည်။။
လှပျိုဖြူ လေးများရဲ့ ငြိမ့်ညောင်းတဲ့ သင်္ကြန်ရဲ့အက၊ မြူးကြွတဲ့
တေးသံသာများဖြင့် ကပြမှာမို့ အားလုံးအားလုံး နှစ်သစ်ကြည်နူးဝမ်းသာ
ပီတိဖြာရမှာပါ။
ဒါကြောင့် မို့ မြန်မာ့ရိုးရာ သင်္ကြန်အက အလှများကို ကြည့်ရှု နားဆင်ရင်း
မြန်မာ့ အစားအစာများကို ချမ်းမြေ့စွာ ကုသိုလ်ယူ စားသုံးနိုင်ပါရန်
ဖိတ်ကြား အပ်ပါသည်။


♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥