...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Monday, February 20, 2012

သစ္စာပါရမီမှ ကြီးမှူှး၍ ကျင်းပမည်. တရားပွဲ နှင်.တရားစခန်း အစီအစဉ်များ

Sunday, February 19, 2012

ပညာဒီပအသင်းမှ ကြီးမှူးဖွင့်လှစ်မည့် ယဉ်ကျေးလိမ္မာမြတ်ပညာသင်တန်း

 
ပညာဒီပအသင်း

Friday, February 17, 2012

စေတနာရှင်လူငယ်များ စာကြည့်တိုက်

     အောင်လံစေတနာရှင်လူငယ်များ မှ ဇန်န၀ါရီလ လေးရက်နေ့ တွင်ဖွင့်လှစ်လိုက်သော စာကြည့်တိုက် ဖြစ်ပါသည် ။ ဖေဖော်ဝါရီလ လေးရက်နေ့ တစ်လ ပြည့်သော အချိန်အထိ members (အသင်းဝင်ပေါင်း) လေးရာ ရှစ်ဆယ်ကျော် နှင့် စာအုပ်ပေါင်း နှစ်ထောင်ကျော်ရှိ ခဲ့ပါပြီ ၊၊ အသင်းဝင်အများ စုမှာ ကျောင်းသား လူငယ်များဖြစ်သောကြောင့် လိုအပ်လျက်ရှိသော လူငယ်များဖတ်ရူသင့်သည့် စိတ်အားဖြည့်စာအုပ်များ ယဉ်ကျေးလိမ္မာစာအုပ်များ အခြား သုတရသ စာအုပ်များ နှင့် ပုံပြင်စာအုပ်များ ကို ဆက်သွယ်ပြီး အနာဂါတ်အတွက် အားဖြည့် ကူညီကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ (ဆက်သွယ်ရန်လိပ်စာ - မိုးဆန်းပန်း ဆိုင်ခန်း - စေတနာရှင်လူငယ်များ စာကြည့်တိုက် အောင်လံ -0943195300 )







အောင်လံသုခိတာ အသင်းဖွဲ့စည်းပုံ


   
   အများအကျိုးရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ။

Tuesday, February 14, 2012

လစဉ်အစည်းအဝေးနှင့် ဆွေးနွေးဖြစ်ခဲ့ကြသည်များ

ယခုတစ်ပါတ် လစဉ်အစည်းအဝေးကို 12.2.2012 (တနင်္ဂနွေနေ့) ညနေ Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆွေးနွေးဖြစ်ခဲ့ကြသည်များကတော့ . . .

  • အသင်း၏ လက်ရှိရန်ပုံငွေအခြေအနေ
 အသင်း၏ ပုံမှန်ကောက်ခံရရှိသော အလှူငွေနှင့် အသင်း၏ လက်ရှိလှူဒါန်းလျှက်ရှိသော ကုန်ကျငွေစာရင်းကို တွက်ချက်ကြည့်ရာ ၀င်ငွေနှင့်ထွက်ငွေစာရင်းမှာ ညီမျှလျှက်ရှိပါသည်။ ထို့ကြောင့် နောင်တွင် လှူဒါန်းမှုများ ဆက်လက်ပြုလုပ်နိုင်ရန် အဖွဲ့ဝင်သစ်များ တိုးပွားစေရန်၊ လစဉ်အလှူငွေကို ပိုမိုရရှိစေရန် အလေးထားဆွေးနွေးဖြစ်ခဲ့ပါသည်။ အသင်းနာယက ဦးသန်းလွင်၏ ဆွေးနွေးချက်အရ လစဉ်အလှူငွေ ပုံမှန်ရရှိနိုင်စေရန် ၄-၅ ယောက်အုပ်စုတစုစီဖွဲ့၍ အလှူငွေထည့်ဝင်ကြရန်။ အဓိပ္ပာယ်မှာ မိမိတို့အုပ်စုမှ တစ်စုံတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် အလှူငွေမထည့်ဝင်ဖြစ်ပါက ကျန် ၄ယောက်မှ ခေတ္တစိုက်ထား၍ အလှူငွေ ထည့်ဝင်ထားရန်ဖြစ်ပါသည်။ ထိုနည်းဖြင့် လစဉ်အလှူငွေ ပုံမှန်ရရှိနိုင်စေရန် ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။
အသင်း၏ ဆက်လက်လှူဒါန်းမှုများ  
      လက်ရှိလှူဒါန်းလျှက်ရှိသော ဇေယျသုခနှင့်စခန်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှစ်ကျောင်းနှင့် ဘိုးဘွားရိပ်သာအား လစဉ်ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။ ထို့ပြင် လက်ရှိလှူဒါန်းလျှက်ရှိသော အသက်ကယ်မြွေဆိပ်ဖြေဆေးကိုလည်း စဉ်ဆက်မပြတ်လှူဒါန်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။

    •  ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရွေးချယ်ရန်
     အစည်းအဝေးတက်ရောက်ခဲ့ကြသော အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအသစ်ကို ပြောင်းလဲ ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ အသင်း၏ဖွဲ့စည်းပုံကို တစ်နှစ်တစ်ကြိမ်းပြောင်းလဲခြင်းဖြစ်ပါသည်။

    အစည်းအဝေးတက်ရောက်ခဲ့ကြသော အဖွဲ့ဝင်များ







    အစည်းအဝေးတက်ရောက်သူများစာရင်း

    ၁။ ဦးသန်းလွင်နှင့်ဇနီး
    ၂။ ကိုသော်တာ
    ၃။ ကိုဇေယျာဦး
    ၄။ ကိုစောဝင်းသန်း
    ၅။ ကိုစိုးစိုးဝင်း
    ၆။ ကိုစိုးလင်းထွန်း
    ၇။ ကိုဝင်းမင်းထွန်း
    ၈။ ကိုလှိုင်ဌေးဦး
    ၉။ ကိုဘိုဘိုဟန်
    ၁၀။ မ၀င့်ရွှေရည်ထွန်း
    ၁၁။မစုစုမွန်
    ၁၂။ မနွယ်နွယ်လှိုင်
    ၁၃။ မဖြူနှင်းဝေ
    ၁၄။ မဖြူဖြူသက်

     အောင်လံသုခိတာ အသင်းအတွက် ကိုယ်အား၊ငွေအား၊  ဥာဏ်အားဖြင့် ၀ိုင်းဝန်းကူညီ ပံ့ပိုးကြသော အဖွဲ့ဝင်များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့၏ အလှူတို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေ . . .

    အောင်လံသုခိတာ

    ♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

    ♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥