...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Friday, December 30, 2011

New Year တွေ့ဆုံပွဲ ဖိတ်ကြားခြင်း

   
အောင်လံသုခိတာ အဖွဲ့ဝင်များ New Year  တွေ့ဆုံပွဲကို 31.12.2011နေ့ ညနေတွင် ၊ Sentosa ကမ်းခြေတွင် ပျော်ရွှင်စွာ ကျင်းပမည်ဖြစ်ပါ၍ သူငယ်ချင်းများအား အထူးဖိတ်ကြားအပ်ပါသည်။
လိုက်ပါဆင်နွှဲလိုသည့် သူငယ်ချင်းများအနေဖြင့် နီးစပ်ရာ သူငယ်ချင်းများထံသို့ဖြစ်စေ၊ အောက်ပါဖုန်းနာပါတ်များသို့ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ (ဖယ်ရီ အသွားအပြန်စီစဉ်ထားပါသည်)

ကိုစောဝင်းသန်း   -  92416785
ကိုစိုးလင်းထွန်း     -  81384733
မ၀င့်ရွှေရည်ထွန်း -  98365545

Ferry Pick-up Points

1. Jurong Point (Opp Jurong Park)            7:00 pm
2. City Hall MRT (Opp Penisula Plaza)     7:45 pm


    အတူပျော်ရွှင်နိုင်ကြစေရန် သူငယ်ချင်းများကို အထူးဖိတ်ကြားအပ်ပါသည်။

Saturday, December 17, 2011

စင်ကာပူရောက် မြန်မာပရဟိတအသင်းအဖွဲ့များ မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း

Anti Snake Slideshow 1

Saturday, December 10, 2011

အောင်လံသုခိတာ(အောင်လံ) အသင်း နှစ်ပါတ်လည်အခမ်းအနား

 
အောင်လံသုခိတာ(အောင်လံ)အဖွဲ့ အသင်းနှစ်ပါတ်လည်အခမ်းအနားကို 5.10.2011 နေ့ ဇေယျသုခ ဘုန်တော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနေ့တွင် ဇေယျသုခကျောင်း ဆရာတော်နှင့် အခြားပင့်ဖိတ်ထားသော ဆရာတော်များကို အာရုံဆွမ်း(မုန့်ဟင်းခါး) ကပ်လှူခဲ့ပါသည်။ ထို့နောက် အခြားဖိတ်ကြားထားသော ဧည့်သည်များနှင့် ကျောင်းရှိ မိဘမဲ့ကလေးများကို မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ယခုကဲ့သို့ အောင်လံသုခိတာအသင်းအား လှူဒါန်းမှုများ ပိုမိုပြုလုပ်နိုင်ရန် ၀ိုင်းဝန်းကူညီပေးကြသော အောင်လံသုခိတာ(အောင်လံ) အဖွဲ့ဝင်များ၊ လစဉ်အလှူငွေလှူဒါန်းပေးကြသော အောင်လံသုခိတာ(စင်ကာပူ) အဖွဲ့ဝင်များ နှင့် ပံ့ပိုးကူညီကြသော အခြား မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါသည်။













Monday, December 5, 2011

Sunday, December 4, 2011

လစဉ်အစည်းအဝေးနှင့် ဆွေးနွေးဖြစ်ခဲ့ကြသည်များ

Meeting Minutes
4.12.2011

ဒီနေ့မှာ အဓိကထားပြီး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကတော့
- January လတွင် ကျင်းပမည့် စင်ကာပူနိုင်ငံ ပရဟိတအဖွဲ့များစုပေါင်း၍ မြန်မာနိုင်ငံရှိ မြွေကိုက်ခံရသော ဒေသများသို့ မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲ တွင် အောင်လံသုခိတာ အသင်းအနေဖြင့် မြွေဆိပ်ဖြေဆေး အလုံးသုံးဆယ် (S$600) လှူဒါန်းရန် ။

- ဒီဇင်ဘာ 31 ရက်နေ့တွင် Sentosa ကမ်းခြေတွင် အဖွဲ့ဝင်များ စုပေါင်း၍ Newyear တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရန် ၊ ထိုပွဲတွင် ပါဝင်လိုသော သူငယ်ချင်းများအနေဖြင့် နီးစပ်ရာ သူငယ်ချင်းများထံသို့ စာရင်းပေးသွင်းကြပါရန်.

 - ဆက်လက်ပြီး February လတွင် ကျင်းပပြုလုပ်မည့် ရွာထောင်ကျောင်း ဆရာကန်တော့ပွဲသို့ လှူဒါန်းရန် အလှူငွေများကိုလည်း ကောက်ခံခဲ့ပါတယ်။ ဆရာကန်တော့ပွဲ အလှူငွေ ထည့်ဝင်လိုသော သူငယ်ချင်းများအနေဖြင့် အောက်ပါ ဖုန်းနာပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ကိုစောဝင်းသန်း ph- 92416785
မဖြူနှင်းဝေ       ph- 92390263

- နောက်ဆုံး ဆွေးနွေးခဲ့ကြတာကတော့ အောင်လံသုခိတာအသင်း လှူဒါန်းမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် အသင်းဝင်ဦးရေ၊ အသင်းရန်ပုံငွေ ပိုမိုရရှိစေရန် အတွက် လက်ရှိလှူဒါန်းနေကြသော အသင်းဝင်များ၊ ယခင်ကလှူဒါန်းပြီး ယခုအချိန်တွင် အသင်းနှင့် အဆက်အသွယ်ပြတ်နေကြသော အသင်းဝင်များ၊ စတင်ဝင်ရောက် လှူဒါန်းလိုသော အသင်းဝင်သစ်များ အားလုံးပူးပေါင်းဆောင်ရွက်ကြမှသာ ကျွန်တော်တို့အသင်းနေဖြင့် ယခုလက်ရှိ လှူဒါန်းမှုများကို ပြုလုပ်နိုင်မှာဖြစ်တဲ့အပြင်၊ နောက်နောင်တွင် စဉ်ဆက်မပြတ်သော လှူဒါန်းမှုမျာှးနှင့် ကျွန်တော်တို့နေထိုင်ရာ မြို့နယ်၊ နိုင်ငံအတွက် အကျိုးပြုနိုင်မှာ ဖြစ်ပါကြောင်း . . .

     အောင်လံသုခိတာ


Friday, December 2, 2011

လစဉ်အစည်းအဝေးဖိတ်ကြားလွှာ

အောင်လံသုခိတာ လစဉ်အစည်းအဝေးကို 4.12.2011 တနင်္ဂနွေနေ့၊ညနေ ၆နာရီ၊  Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုနေ့တွင် New Year တွေ့ဆုံပွဲအတွက် ဆွေးနွေးကြမည်ဖြစ်ပါသည်။ ထို့ပြင် အသင်း၏ လက်ရှိလှူဒါန်းမှုများ၊ ရှေ့ဆက်လှူဒါန်းရန်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ပါ၍ အသင်းဝင်များအား တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥