...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, August 14, 2011

အောင်လံသုခိတာ(ရွှေပန်းတော)အဖွဲ့ခွဲ လှူဒါန်းမှုမှတ်တမ်းများ

အောင်လံသုခိတာ(ရွှေပန်းတော)အဖွဲ့ခွဲကို ၄.၇.၂၀၁၁၊ တနင်္လာနေ့တွင် ရွှေပန်းတောကျေးရွာ ဦးမောင်လွင် နေအိမ်တွင် အမှုဆောင်အဖွဲ့ဝင် (၉)ဦးနှင့် အခြားဖိတ်ကြားထားသော လူငယ် (၂၀)ဦး တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အောင်လံသုခိတာ၏ မူလရည်ရွယ်ချက်များကို အဓိကထားဖော်ဆောင်ပြီး၊ ၄င်းကျေးရွာပတ်ဝန်းကျင်တွင် လိုအပ်သော အခြားလူမှုရေး၊ ဘာသာရေး၊ ပညာရေး လိုအပ်ချက်များကို ဆောင်ရွက်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ယခုအချိန်တွင် အသင်းဝင်ဦးရေ ၂၀ ခန့်ဖြင့် လှူဒါန်းမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ 









   ယခုလို အောင်လံသုခိတာအသင်း ပိုမိုကျယ်ပြန့်စွာ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ပံပိုးကူညီကြသော အဖွဲ့ဝင်များအားလုံးကို အောင်လံမြို့ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါကြောင်း . . .


         အောင်လံသုခိတာ

Saturday, August 13, 2011

လစဉ်အစည်းအဝေးမှတ်တမ်းဓါတ်ပုံများ

   အောင်လံသုခိတာ လစဉ်အစည်းအဝေးကို 7.8.2011 တနင်္ဂနွေနေ့၊ Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယခုတစ်ပါတ်အစည်းအဝေးတွင် အသင်း၏လက်ရှိဆောင်ရွက်ထားမှုများ၊ လစဉ်အလှူငွေကောက်ခံမှုနှင့် အသင်း၏ နောင်ဆက်လက်ဆောင်ရွက်ချက်များကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ 
အောင်လံသုခိတာ ရွှေပန်းတောနှင့် သမ္ဘူလ အဖွဲ့ခွဲများဖွဲ့စည်းပြီးဖြစ်ကြောင်းလည်းသိရှိရပါသည်။ အသင်း၏ ဆက်လက်လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အောင်လံမြို့နယ်လုံးဆိုင်ရာ ဆရာကန်တော့ပွဲတွင် အသင်းအနေဖြင့် ပါဝင်လှူဒါန်းရန်၊ ဇေယျသုခနှင့် စခန်းသာကျောင်းတိုက်တို့အား လစဉ် ဆက်လက်လှူဒါန်းရန် နှင့် ထိုနေ့တွင် လစဉ်အလှူငွေများလည်းကောက်ခံခဲ့ပါသည်။  အစည်းအဝေးတက်ရောက်ခဲ့ကြသော အဖွဲ့ဝင်များနှင့် ယခုလို အောင်လံသုခိတာအသင်း လှူဒါန်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီကြသော အဖွဲ့ဝင်များအားလုံးကို အောင်လံသုခိတာအသင်းမှ အထူးပဲကျေးဇူးတင်ရှိပါကြောင်း . . . 
 




                              အစည်းအဝေးတက်ရောက်ခဲ့ကြသော အဖွဲ့ဝင်များ


Friday, August 5, 2011

လစဉ်အစည်းအဝေးဖိတ်ကြားလွှာ

  အောင်လံသုခိတာ လစဉ်အစည်းအဝေးကို 7.8.2011 တနင်္ဂနွေနေ့၊ညနေ ၆နာရီ၊  Chinese Garden ပန်းခြံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထို့နေ့တွင် အောင်လံသုခိတာ ယခုအချိန်ထိ လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်၍ လုပ်ဆောင်ရမည့်ကိစ္စရပ်များ အပါအ၀င်၊ အသင်းနှင့် ပတ်သက်သော အစီအစဉ်းများကို ဆွေးနွေးကြမည် ဖြစ်ပါ၍ အဖွဲ့ဝင်များအား တက်ရောက်ကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။


♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥