...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Friday, June 17, 2011

ဉာဏ်တော်ကိုးတောင်ပြည့် " လောကချမ်းသာ" သဲပုံစေတီတော် တည်ထားကိုးကွယ်ပူဇော်ပွဲကြီး နှိုးဆော်ဖိတ်ကြားလွှာ

သာသနာတော်နှစ် - ၂၅၅၅ ခုနှစ်                                                         ကောဇာသက္ကရာဇ် - ၁၃၇၃ ခုနှစ်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ္စ္စဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  သဒ္ဓမ္မော
abhidhamma_original.png
အဘိဓမ္မာ အသင်းကြီး (စင်္ကာပူ)

smalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.pngsmalllogo.png

အဘိဓမ္မာအသင်းကြီး ပန္နက်ချ မင်္ဂလာ တစ်လပြည့် အထိမ်းအမှတ် နှင့်

 ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး ၏ နာယက ဗန်းမော်ဆရာတော်ဘုရားကြီး

ဘဒ္ဒန္တကုမာရာဘိဝံသ ဂုဏပူဇာပွဲ အထိမ်းအမှတ်

လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲ နှိုးဆော်လွှာ

သာသနာတော်နှစ် ၂၅၅၅ ၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခု နယုန်လပြည့် (မဟာသမယ နေ့မြတ်) ကျော် ၂ ရက် ၊ ခရစ်သက္ကရာဇ် ၂၀၁၁ ဇွန်လ (၁၈)ရက် စနေနေ့ မင်္ဂလာညနေ ၃ နာရီမှ စ၍ တညလုံး စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ ( East Cost , Carpark E2,Sand Castel) တွင် အဘိဓမ္မာအသင်းကြီး (Abhidhamma Foundation )၊ ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation) ၊ စင်္ကာပူရောက် မြန်မာ ပရဟိတအသင်း ကြီးများနှင့်တကွ စင်္ကာပူ မြန်မာဗုဒ္ဓ ဘာသာဝင်များစုပေါင်း၍ မဟာလေးဆူဓါတ်ပုံ ရွှေတိဂုံပုံတူ ဉာဏ်တော်ကိုးတောင်(13.5 feet) ရှိ "လောကချမ်းသာ" သဲပုံစေတီတော် တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ကျင်းပသွားမည်ဖြစ် ပါသည်။ သဲပုံစေတီ တည်ထား ကိုးကွယ်လိုသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်း များသည် ညနေ (၃) နာရီမှစ၍ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ ( East Cost , Carpark E2,Sand Castel) တွင် လာရောက်စုရုံးကြပြီး Rock 14 မျက်နှာစာ ကျွန်းဦး သောင်ဦး မြေပြန့် နေရာတွင် ဗိသုကာ ဦးမျိုးဝင်းခိုင်၊ ဦးစိုးမင်းလတ် ၊ ဦးနေမျိုးဇော် ၊ ဦးဝင်းသိန်းထွန်း ညွှန်ကြားချက်အရ ပင်လယ်သဲသန့်များကို စုပုံသွန်းလောင်း ကြမည်ဖြစ်ပြီး ညနေ ( ၃ ) နာရီခန့်မှ စေတီတည်ခြင်းကိစ္စကို ဆရာတော် ဦးသုနန္ဒာလင်္ကာရ ကြီးမှူး၍ အဘိဓမ္မာအသင်းကြီး၊  (Abhidhamma Foundation )၊ ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation)  နှင့် စင်္ကာပူရောက် မြန်မာ ပရဟိတအသင်း ပေါင်းစုံမှ ပန္နက်တင် အုတ်မြစ်ချမည်ဖြစ်ပြီး အသင်းသူ အသင်းသား များနှင့် တကွ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းမှ မိမိတို့နိုင်ရာ သဲ တစ်ဆုတ် ရေတစ်ပုံး ၀င်ရောက်ပူဇော် သွန်းလောင်းကြရမှာဖြစ်ပြီး သဲပုံစေတီကို ပန်းဆီမီး ရေချမ်းရေမွှေး အမွှေးနံသာတို့ကို မိမိတို့အိမ်မှယူဆောင်လာပြီး စိတ်တိုင်ကျ ပူဇော်ကြကာ ညနေ (၇) နာရီခန့် အချိန် စေတီတော် တည်ပြီးသောအခါ အနေကဇာတိ သံသာရံ အစချီသော ဥဒါန်းဂါထာဖြင့် ဆရာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဒကာဒကာမများမှ မေတ္တာသုတ် ပဋ္ဌာန်းပစ္စယုဒ္ဒေသ နိဒ္ဒေသ နှင့် မဟာသမယ သုတ် တော်တို့ကို စေတီတော်ရင်ပြင် ပင်လယ်ကမ်းစပ် ကျွန်းသောင်တော်ဦး မြေပြန့်ခင်းသာ တွင် ဓမ္မဖြင့်ပူဇော်ပြီး မိမိတို့ နှစ်သက်ရာ သမထ ၊ ၀ိပဿနာ တရားများကို  ဆန္ဒရှိသ၍ တညလုံး ပူဇော်သွားကြမည်ဖြစ်ပါသည်။ သဒ္ဓါကြည်လင် ပါရမီရှင် တို့အနေဖြင့် စေတီတည်သူများနှင့် ပရိတ်သတ်များကို မိမိတို့တတ်အားသရွေ့ စတုဒိသာ ကျွေးမွေးနိုင်သည်ဖြစ်ပါ၍ ကြုံတောင့်ကြုံခဲ သဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ပါဝင်ဆင်နွှဲ နိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ………..

ပူဇော်ပွဲအစီအစဉ်နှင့် ပတ်သက်၍ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ် လှူဒါန်း နိုင်ပါ ကြောင်း…….
၁။    ဒေါ်မူယာနွဲ့        ( ဖုန်း -၈၁၃၄၃၃၁၇) DBS saving plus (020-2072875)
၂။    ဦးအံ့ထူးနိုင်     ( ဖုန်း -  ၉၀၂၅၄၉၀၉ )
၃။    ဦးကျော်ဝဏ္ဏ   (ဖုန်း - ၈၂၃၆၉၁၅၉ )
၎။    ဦးမြင့်သိန်း       ( ဖုန်း -၈၁၅၉၃၉၈၉)
၅။    ဦးသောင်းတန် ( ဖုန်း - ၉၃၂၅၈၈၉၄)
၆။    ဦးဇော်မျိုးမင်း ( ဖုန်း -၈၂၆၁၉၅၈၁)
၇။    ဦးဝင်းသိန်းထွန်း ( ဖုန်း - ၉၆၅၀၅၀၄၂)
၈။    ဦးမြင့်ထွန်း       (ဖုန်း - ၉၃၉၀၁၆၉၄)
၉။    ဒေါ်ဆုရည်မွန်   (ဖုန်း -၈၃၁၄၅၆၇၅ )

(က)    မိမိတို့နှစ်သက်ရာ ပန်း ရေချမ်း ဆီမီး ထီး တံခွန် ကုက္ကား များကို မိမိတို့အစီ အစဉ်ဖြင့် ယူဆောင်လာ၍ လှူဒါန်း ပူဇော်နိုင်ပါသည်။
(ခ)    စတုဒိသာများကိုလည်း ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်


သဲလှိုဏ်ဂူနှင့် ဘုရားရုပ်ပွားတော် ပြုလုပ်မှုအကျိုး

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ဝယ် တဏှင်္ကရာ ဘုရားပွင့်တော်မူသည်။
ဟံသာဝတီပြည်တွင် ဆင်းရဲသားတစ်ယောက်သည် သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍-

“သြော်….ငါသည် ရှေးဘ၀က ပြုခဲ့သော ကုသိုလ်ကံမရှိ၍ ဆင်းရဲလှသည်။ ယခုမှစ၍ ကုသိုလ်တရားကို ရသရွှေ့အားထုတ်သင့်သည် ”

    ဟု ကြံစည်၍ နံနက်စောစော ထမင်းစားပြီးနောက် ဂင်္ဂါမြစ်နားသို့ သွားလေသည်။ ဂင်္ဂါမြစ် သဲသောင်ပြင်တွင် သဲကို ညွှန်နှင့်ရောပြီး ဘုရားလိုဏ် လေးမျက်နှာပြုသည်။ အတွင်းတွင် ပလ္လင်ပြုသည်။ ပလ္လင်ထက်ဝယ် ဆင်းတု တော်ကို ပြုသည်။ ထိုဘုရားပလ္လင်နှင့် ဆင်းတုတော်ကို ၊ လိုဏ်ဂူတို့ကို မြင်ရသော် အလွန် ၀မ်းမြောက် ၀မ်းသာ ဖြစ်သည်ဖြစ်၍ တောပန်းတို့ကို ယူကာ မိမိ ဘုရားတွင် ပူဇော်လေသည်။
ထို့နောက်-

“ ထိုသို့ ဘုရားဆင်းတုနှင့် တကွ ဘုရားကျောင်းကို ပြုရသော အကျိုးအားဖြင့် ဘ၀ ဆက်တိုင်း ဖြစ်လေရာ သံသရာတွင် ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ရပါလို၏ ဆင်းရဲမှုကို မတွေ့လိုရပါ။ နောက်လာမည့်ဘုရားရှင်တို့ရွှေလက်
ထက်တွင် ရဟန္တာဆု နှင့် ပြည့် စုံရပါလို၏ ”

  ဟုဆုတောင်းလေသည်။ ထိုဆင်းရဲသားသည် အသက်ထက်ဆုံး နေပြီးသော် နတ်ပြည်ဝယ် ရွှေဗိမာန်နှင့် ခံစားရ သည်။
-    နတ်ပြည်မှ စုတေသော် ဗြဟ္မာ ပြည်တွင် ဖြစ်ရပြန်သည်။
-    ဗြဟ္မာပြည်မှ စုတေသော် လူပြည့်တွင် စာကြ၀တေးမင်းပင်ဖြစ်ရသည်။
-    စကြ၀တေးမင်းအဖြစ်သည် ၇၈- ကြိမ် ရှိခဲ့သည်။
-    ဧကရာဇ် ၊ပဒေသရာဇ် အဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရသည်။
-    အပါယ်တံခါးပိတ်ခဲ့ရသည်။
-    ယခု ဂေါတမဘုရားရှင်လက်ထက်ဝယ် ဃောသက သူဌေး၏ သားဖြစ်ပြီး ဘုရားထံတွင် ရဟန်းပြုကာ ရဟန္တာ ဖြစ်သွားခဲ့ရသည်။

သဲပုံစေတီအကြောင်းသိကောင်းစရာ
ရှေးဘုရားရှင်တို့၏ အထံတော်တွင် တောင်းအပ်ပြီးသောဆုတောင်းခြင်းရှိသော အရှင် သကစိန္တနိယ ထေရ်အလောင်းသည် ၉၁- ကမ္ဘာအထက်က ပွင့်တော်မူသော ၀ိပဿီ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီးမှာ ရသေ့ရဟန်းပြု၍ ဟိမ၀န္တာတောတွင်နေစဉ် စိတ်ငြိမ်၍ မွေ့လျော်ဖွယ်ရှိသော တစ်ခုသောတောသို့အရောက်တွင် သဲများကို ၀ါးခြမ်း  စိတ်တို့ဖြင့် အဆင့်ဆင့်ပြု၍ သဲပုံစေတီတည်ပြီးလျှင် သက်တော်ထင်ရှား မြတ်စွာ ဘုရား၏ မျက်မှောက်ကဲ့သို့ ထိုမိမိတည်ထားအပ်သော သဲပုံစေတီကို အလွန်ရိုသေစွာ ရှိခိုးလျက် အမျိုးမျိုးသော တောပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခြင်းအမှုကိုပြု၏။
    ထိုကောင်းမှုကြောင့် သံသရာဘ၀ကျင်လည်ရာတွင် အပယ်လေးပါးသို့ မလား မရောက်ရခြင်း ၊ လူ့ပြည် နတ်ပြည်တို့တွင်သာ ကျင်လည်ရခြင်း လေးကျွန်း သေဌ်နင်း စကြ၀တေးမင်းဖြစ်ရခြင်း ဂေါတမဘုရားရှင်လက်ထက်တွင်ပဋိသမ္ဘိဒါလေးပါး ၀ိမောက္ခ ရှစ်ပါး အဘိညာဉ်ခြောက်ပါးတို့နှင့် ပြည့်စုံသော ရဟန္တာဖြစ်ရခြင်းဟူသော အကျိုးများ ကို ခံစားရကြောင်း ( အပဒါန်ပါ-၁၂၄ ၊၄င်း  ဋ္ဌ၊ ဒု-၈၇ တို့တွင်)မိန့်ဟဖွင့်ပြတော်မူ ပါသည်။

အထက်ပါဝတ္ထုကိုထောက်သော်
၁။    သဲပုံစေတီသည် ၉၁-ကမ္ဘာထက်က စခဲ့သည်ဟု မှတ်ယူရပါမည်။
၂။    တပေါင်းလတွင်သာ သဲပုံစေတီတည်ကောင်းသည်မဟုတ်ပါ။(သဲပုံစေတီ တည်ကြသည်မှာ အများအားဖြင့် တောလက်ကျေးရွာများတွင်သာ ပြုလုပ်လေ့ရှိကြ ပါသည် )  ကျေးလက်နေတောင်သူဦးကြီးများသည် တပေါင်းလတွင် အလုပ်ကိစ္စနည်း ပါး သောကြောင့်လည်းကောင်း ၊ ရွှေတိဂုံ မန်းစက်တော်ရာ စသော တန်ခိုးကြီး ဘုရားပွဲ တော်များသည်လည်း တပေါင်းလတွင်သာ ကျင်းပကြသည်ကိုလည်းကောင်း ၊ ဘုရားရှင်အား ကပိလ၀တ်ပြည်သို့ ကြွလာပါရန် ဖွားဘက်တော် ကာဠုဒါယီ ပင့် လျောက် စဉ်က ခရီးလမ်းပန်းသာယာသည့်တပေါင်းလမှ ကြွလာသည်ကိုလည်းကောင်း ထောက်ထားပြီး တပေါင်းလတွင်သာ သဲပုံစေတီ တည်ထားကိုးကွယ်မှုကို ပြုနေခြင်းဖြစ်သည် ဟူ၍သာမှတ်ယူရပါမည်။
၃။    အပါယ်လေးပါးသို့ မလားရခြင်း၊ လူ့ပြည် နတ်ပြည်တို့တွင်သာ ကျင်လည်ရခြင်း စကြ၀တေးမင်းဖြစ်ရခြင်း ရဟန္တာဖြစ်ရခြင်း အကျိုးများကို ခံစားရပါသည်။


--
_/\_ *** _/\_ ***  _/\_ 
ဘုရားရှင်တော် မပွင့်ပေါ်လျှင် သူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရများလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ပြ မြတ်ဓမ္မကြောင့် ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ်ကျေးဇူးဆပ်ဖို့ အမြိုက်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။
_/\_ *** _/\_ ***  _/\_ 
အင်္ဂ္ဂုတ္ထိုလာ သာသနာကွယ်ကြောင်း တရားပေါင်းကား တရားမနာ ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု ၊ ဓမ္မာနုဓမ္မပတ္တိပတ်ကွာ ဤငါးဖြာတည်း။ 
နောင်လာထို့ပြင် စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ၊ ဆုံးမမယူ ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥