...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, April 23, 2011

တစ်နှစ်ပြည့်အခမ်းအနား ပုံရိပ်များ

16.4.2011 
  
   အောင်လံသုခိတာ တစ်နှစ်ပြည့်အခမ်းအနားကို 16.4.2011 ည ၊East Coast ကမ်းခြေတွင် အသင်းဝင်များ၊ အခြားသောသူငယ်ချင်းများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။ ယခုလို အသင်းဝင်များအားလုံး ပျော်ရွင်စွာတွေ့ဆုံကြပြီး၊ ရင်းနှီးချစ်ခင်စွာဖြင့် အောင်လံသုခိတာ အသင်းအား ဆက်လက်ပံ့ပိုးနိုင်ကြစေဖို့ ဆန္ဒပြုအပ်ပါတယ်။ ထို့ပြင် အခမ်းအနားဖြစ်မြောက်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသော သူငယ်ချင်းများ၊ အခမ်းအနားကို တက်ကြွစွာ ဦးဆောင်ပေးခဲ့သော ဦးသန်းလွင်၊ အသားကင်နှင့် ခေါက်ဆွဲကြော်အား ပင်ပင်ပန်းပန်း ကြော်ပေးခဲ့ကြသော ကိုမိုးဇော်ဟိန်း+မစိုးအိဖြိုး၊ ကိုစောဝင်းသန်း၊ မ၀င့်ရွှေရည်ထွန်း၊ ကြာဇံကြော်နှင့် ရွှေရင်အေးကို တညည်းညည်းတညူညူဖြင့် ဒါနပြုခဲ့သော မစုစုမွန်(မွန်လေး)၊ ထိုနေ့တွင် ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသော သူငယ်ချင်းများ၊ အခမ်းအနားကို ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသော သူငယ်ချင်းများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်တွင်လည်း ယခုကဲ့သို့ ပျော်ရွှင်စွာ တွေ့ဆုံနိုင်ကြစေရန် ဆန္ဒပြု တောင်းဆုခြွေအပ်ပါသည်။ 


  



      အသင်းဝင်များအားလုံးကို ကျေးဇူးတင်စွာဖြင့်

             အောင်လံသုခိတာ

1 comment:

  1. ကိုညီငယ်ရေကျေးဇူးပါ အစ်ကိုတို့လှုပ်ရှားမူဓါတ်ပုံတွေကိုကြည့်ရတာဝမ်းသာပါတယ်
    နောက်ပြီးကျွန်တော့ညီမမွန်လေးကိုလဲအလွမ်းပြေတွေ့ရတဲ့အ
    တွက်ဝမ်းသာပါတယ် နောက်လဲတင်ပေးအုံးနှော်

    ကျွန်တော်အမြဲအားပေးပါ့မယ်
    အဖွဲ့သားအားလုံးနဲ့လဲသူငယ်ချင်းဖြစ်ချင်ပါတယ်
    myogyispt@gmail.com

    ReplyDelete

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥