...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, April 23, 2011

တစ်နှစ်ပြည့်အခမ်းအနား ပုံရိပ်များ

16.4.2011 
  
   အောင်လံသုခိတာ တစ်နှစ်ပြည့်အခမ်းအနားကို 16.4.2011 ည ၊East Coast ကမ်းခြေတွင် အသင်းဝင်များ၊ အခြားသောသူငယ်ချင်းများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။ ယခုလို အသင်းဝင်များအားလုံး ပျော်ရွင်စွာတွေ့ဆုံကြပြီး၊ ရင်းနှီးချစ်ခင်စွာဖြင့် အောင်လံသုခိတာ အသင်းအား ဆက်လက်ပံ့ပိုးနိုင်ကြစေဖို့ ဆန္ဒပြုအပ်ပါတယ်။ ထို့ပြင် အခမ်းအနားဖြစ်မြောက်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသော သူငယ်ချင်းများ၊ အခမ်းအနားကို တက်ကြွစွာ ဦးဆောင်ပေးခဲ့သော ဦးသန်းလွင်၊ အသားကင်နှင့် ခေါက်ဆွဲကြော်အား ပင်ပင်ပန်းပန်း ကြော်ပေးခဲ့ကြသော ကိုမိုးဇော်ဟိန်း+မစိုးအိဖြိုး၊ ကိုစောဝင်းသန်း၊ မ၀င့်ရွှေရည်ထွန်း၊ ကြာဇံကြော်နှင့် ရွှေရင်အေးကို တညည်းညည်းတညူညူဖြင့် ဒါနပြုခဲ့သော မစုစုမွန်(မွန်လေး)၊ ထိုနေ့တွင် ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသော သူငယ်ချင်းများ၊ အခမ်းအနားကို ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသော သူငယ်ချင်းများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်တွင်လည်း ယခုကဲ့သို့ ပျော်ရွှင်စွာ တွေ့ဆုံနိုင်ကြစေရန် ဆန္ဒပြု တောင်းဆုခြွေအပ်ပါသည်။ 


  



      အသင်းဝင်များအားလုံးကို ကျေးဇူးတင်စွာဖြင့်

             အောင်လံသုခိတာ

Sunday, April 3, 2011

နွေရာသီ Grammar and English Speaking အခမဲ့သင်တန်း ဖွင့်လှစ်ခြင်း



   ပညာရေးဒါန နွေရာသီ အင်္ဂလိပ်စာ Grammar and Speaking အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁.၄.၂၀၁၁ နေ့တွင် ဇေယျသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်တွင် ဖိတ်ကြားထားသော ရပ်မိရပ်ဖများ၊ အောင်လံသုခိတာ အသင်းဝင်များ တက်ရောက်ပြီး စည်ကားသိုက်မြိုက်စွာ စတင်ခဲ့ပါသည်။
   အင်္ဂလိပ်စာ သင်ကြားရေးတွင် အကြီးတန်း၊အငယ်တန်း နှစ်မျိုးခွဲခြားကာ အငယ်တန်းအတွက် အင်္ဂလိပ်စာ Grammar သင်ကြားပေးမည်ဖြစ်ပြီး၊ အကြီးတန်းအတွက် English Speaking သင်ကြားပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။ သင်တန်းစတင်ဖွင့်လှစ်ချိန်အထိ စာရင်းပေးသွင်းထားသော သင်တန်းသားဦးရေ ၃၀ ခန့်ရှိကြောင်းလည်းသိရှိရပါသည်။
   သင်တန်းမဖွင့်လှစ်မီ အားလုံးသိရှိနိုင်ရန်လည်း မြို့အနှံ့ "မည်သူမဆို အခမဲ့ လာရောက်သင်ကြားနိုင်ကြောင်း " လှည့်လည်ကြေငြာခဲ့ကြပါတယ်။ ယခုလို ပညာရေးဒါန အထမြောက်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြသော အောင်လံသုခိတာ(အောင်လံ)အဖွဲ့ဝင်များနှင့် ယခုလို လှူဒါန်းမှုများ ဆောင်ရွက်နိုင်စေရန် ကူညီထောက်ပံ့ကြသော အသင်းဝင်များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းမှုအစုစုကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥