...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, February 13, 2011

မြတ်သောအလှူတော် သာဓုခေါ်စေသော်. . .

                                     
   
       အောင်လံမြို့၊ ကုသိနာရုံဘုရား မြတ်စွယ်တော်တိုက် ကြွေပြားခင်းလှူနိုင်ရန်အတွက် ၁၂.၂.၂၀၁၁ နေ့တွင် အောင်လံသုခိတာအသင်းဝင်များ စုပေါင်းတိုင်ပင်၍ အလှူငွေ ၂သိန်းကျပ် လှူရန်အတွက် ဆုံးဖြတ်ချက်ခဲ့ကြပါတယ်။ ထိုနေ့မှာပဲ အလှူခံတာဝန်ခံ ဦးဌေးဝင်း(အောင်မြင်ကွန်ပြူတာ)ထံဆက်သွယ်ပြီး အောင်လံသုခိတာ(အောင်လံ) အသင်းမှ သွားရန်လှူဒါန်းနိုင်ရန် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဦးဌေးဝင်းမှ အတိုင်းမသိ ၀မ်းမြောက်ကြောင်းနှင့် ၄င်းတို့အနေဖြင့် တပေါင်းပွဲတော်နေ့မတိုင်မှီ ကြွေပြားခင်းပြီးနိုင်ရန် ကြိုးစားမည့်အကြောင်းနှင့် ကြွေပြားစတင်ခင်းနေစဉ်နှင့် ကြွေပြားခင်းပြီးပါက မှတ်တမ်းတင်ဓါတ်ပုံများ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အသေးစိတ်ကုန်ကြငွေများကို အောင်လံသုခိတာ(စင်ကာပူ)ထံသို့ ပေးပို့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
        ထို့နောက် ၁၃.၂.၂၀၁၁ နေ့တွင် အောင်လံသုခိတာ(အောင်လံ) အသင်းသို့ အလှူငွေ ၂သိန်းကျပ်ကို ပေးပို့ခဲ့ပါသည်။ထို့ကြောင့် မြတ်သော ဤအလှူတော်အတွက် အောင်လံသုခိတာ အသင်းဝင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ငှါ မှတ်တမ်းတင်ဖော်ပြလိုက်ပါသည် ။



   ကုသိုလ်ကောင်းမှုအစုစုကို နတ်လူသာဓုခေါ်စေသော် . . .


      အောင်လံသုခိတာ

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥