...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Tuesday, December 14, 2010

ဇေယျသုခကျောင်းတိုက် သမိုင်းအကျဉ်းနှင့်ဆောင်ရွက်မှုများ


ဇေယျသုခ(ကိုယ်ထူကိုယ်ထ)ပရဟိတ
မူလတန်းလွန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

    ရည်ရွယ်ချက်
၁။ ကျောင်းနေရွယ် ကလေးသူငယ်တိုင်း(အခမဲ့)ပညာသင်ကြားခွင့်ရရှိစေရန်။
၂။ ယဉ်ကျေးလိမ္မာ တတ်သိနားလည်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်။
၃။ ဘာသာ/သာသနာ၊ စာပေနှင့်ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်း
ကာကွယ်စောင့်ရှောက်တတ်စေရန်။

    ဇေယျသုခ(ကိုယ်ထူကိုယ်ထ)ပရဟိတ ကျောင်းတိုက်အတွက် အောင်ပါပစ္စည်းများကို လှူဒါန်း နိုင်ပါသည်။
  • နေ့လည်စာထမင်း/ဟင်းလျာ၊ အမဲ-သား/ငါး၊ ဟင်းချက်စရာများနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ နေ့လည်စာ မုန့်ပဲသရေစာများ ။
  • သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘော(လ်)ပင်(န်)၊ ခဲတံ၊ ကျောက်သင်ပုန်း၊ ကျောင်တံနှင့် စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများ ။
  • ကျောင်းဝတ်စုံနှင့် အ၀တ်အစား(အဟောင်း/အသစ်)များ ။
  • ထီး၊ဦးထုပ်၊ဖိနပ်၊လွယ်အိတ်များ ။
  • ကျန်းမာရေးအထောက်အကူပြုဆေးဝါးများ ။
(ပရဟိတ-ကျောင်းသား/သူများအတွက်)
  • နံနက်/ညစာ-ထမင်းဟင်းလျာ၊ မုန့်ပဲသရေစာများ ။
  • အိပ်ယာအသုံးအဆောင်ပစ္စည်းများ ။
ကျောင်းသမိုင်းအကျဉ်း
 
၁။ မိဘမဲ့ (သေ/ကွဲ)
၂။ အမိ သို့မဟုတ် အဖမဲ့ (သေ/ကွဲ)
၃။ ဆင်းရဲနွမ်းပါး စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရကြသည့် ကျောင်းနေအရွယ်
ကလေးသူငယ်များအား ဦးစီးပဓာန နာယကဆရာတော်မှ မူလကျောင်းဆောင်ကို ဆောက်လုပ်ပြီး(၂၀၀၄/
၂၀၀၅)ပညာသင်နှစ်မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
ကျောင်းသား/သူများအား စီစစ်၍ ကျောင်းအိပ်/စား၊ ကျောင်းတက်ချိန် သတ်မှတ်ပြီး လက်ခံခဲ့ပါသည်။
ဆရာတော်နှင့်သံဃာတော်များ၊ ဆရာ/မများ တို့သည် ပညာသင်နှစ်အတွင်း ပညာသင်ရိုးညွှန်းတမ်းများ၊
နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာများကို သင်ကြားပေးလျှက် ရှိပါသည်။
       ကျောင်းအိပ်/စား(ပရဟိတ)ကျောင်းသား/သူများကို တစ်နေ့လျှင် နံနက်၊ နေ့လည်၊ ည()ကြိမ်
ကျောင်းချိန်တက် ကျောင်းသား/သူများကို တစ်နေ့လျှင် နေ့လည်()ကြိမ် ထမင်းဟင်းလျာများ ကျွေးမွေးပြီး
ကျောင်းသား/သူ(အားလုံး)ကို အခါအားလျော်စွာ နံနက်/နေ့လည်(အာဟာရ-မုန့်မျိုးစုံ) တို့အားကျွေးမွေး ပြုစုပေးပါသည်။
      အ၀တ်အစားနှင့် အသုံးအဆောင်(အဟောင်း/အသစ်)များအား အလှည့်ကျဖြစ်စေ၊ တပြိုင်တည်းဖြစ်စေ ဆင်ယင်ပေးပါသည်။
      သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောက်သင်ပုန်းနှင့် စာရေးကိရိယာများအား ပြည့်စုံစွာ(အခမဲ့)
ထောက်ပံ့ပေးပါသည်။
      ၂၀၀၈/၂၀၀၉ ပညာသင်နှစ်မှစ၍ မူလတန်းလွန်ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး မူလတန်းလွန် အောင်မြင်ပြီးဆုံးသူများကို အထက်တန်းသို့ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် အစစအရာရာ တာဝန်ယူအပ်နှံပေးပါသည်။






       နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင်ရှင်ပြုပွဲ၊ သီလရှင်ဝတ်ပွဲများကိုလည်း ပထမအကြိမ်ရှင်(၃၆)ပါး၊ သီလရှင်()ပါး၊ ဒုတိယအကြိမ်ရှင်(၂၄)ပါး၊ သီလရှင်(၁၂)ပါး၊ တတိယအကြိမ်ရှင်(၄၂)ပါး၊ သီလရှင်(၁၇)ပါး တို့ဖြင့် စုပေါင်းရှင်ပြုအလှူတော်ပွဲကြီးများကို ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးပါသည်။
ရင်သွေးငယ်လေးများ၏ ပညာရေးဝန်ဆောင်မှုနှင့် စား-၀တ်-နေရေးတို့အတွက်()နှစ်လျှင် ပျမ်းမျှငွေ (၂၅)သိန်းခန့် ရရှိသုံးစွဲနိုင်ပါရန် ကောင်းမှုရှင်များ၏ လှူဒါန်းမှုအပြင်လုံလောက်မှုရှိစေရေးအတွက် ဆရာတော် မှ တာဝန်ယူရပါသည်။
  ပတ်ဝန်းကျင်၊ မြို့/ရွာ-ရပ်ကွက်များမှ ရင်သွေးငယ်လေးများသာမက ရပ်ဝေးနယ်ခြား တိုင်းရင်းသားရင်သွေး ငယ်များပင် လာရောက်မှီခို ပညာသင်ကြားနေထိုင်လျှက်ရှိရာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသော ရင်သွေးငယ်များအား အေးချမ်းစွာ ပညာသင်ကြားပေးနိုင်ရေးနှင့် စားဝတ်နေရေး ပြည့်စုံစေရေးအတွက်၎င်း၊မူလတန်းလွန်ကျောင်းမှ အလယ်တန်းခွဲ၊ အထက်တန်းခွဲ တို့အထိ လက်ခံသင်ကြားပေးနိုင်ရေးအတွက်၎င်း၊ စာသင်ကျောင်းဆောင်းများလုံလောက်မှုရှိနိုင်စေရန် လိုအပ်လျှက်ရှိပါသည်။
   ကောင်းမှုရှင်များအနေဖြင့် စာသင်ကျောင်းဆောင်သစ်များဆောက်လုပ်နိုင်ရေး၊ ပညာရေးဝန်ဆောင်မှုနှင့် ရင်သွေးငယ်များ၏ စားဝတ်နေရေးပြည့်စုံစေနိုင်ရေး၊ ဘက်စုံထောက်ပံ့စောင့်ရှောက်နိုင်ရေးတို့အတွက် ထာဝရပညာဒါန ပါရမီကုသိုလ်ရှင်များ အဖြစ်ခံယူ၍ ပါဝင်လှူဒါန်းကြပါရန် နှိုးဆော်အပ်ပါသည်။ 
 
စဉ်
ပညာသင်နှစ်
မိဘမဲ့
အမိ(သို့)အဖမဲ့
ဆင်းရဲနွမ်းပါး
လက်ခံဦးရေ
စုစုပေါင်း
ကျား
ကျား
ကျား
ကျား

၁။
၂။
၃။
၎။
၅။
၆။
၂၀၀၄/၂၀၀၅
၂၀၀၅/၂၀၀၆ 
၂၀၀၆/၂၀၀၇
၂၀၀၇/၂၀၀၈
၂၀၀၈/၂၀၀၉
၂၀၀၉/၂၀၁၀
၂၄
၂၄
၂၄
၂၄
၂၅
၂၆
၁၁
၁၁
၁၁
၁၁
၁၃
၁၅
၁၂
၁၀
၂၆
၂၆
၂၃
၂၁
၂၀
၂၅
၂၃
၂၇
၁၅
၁၇
၁၈
၁၉

၂၇
၄၁
၃၁
၂၇
၂၇
၃၅

၄၆
၅၃
၃၈
၃၇
၆၉
၇၁
၆၁
၇၃
၆၂
၆၃
၆၃
၇၇
၁၀၇ 
၁၂၆
၁၀၀
၁၀၀
၁၃၂
၁၄၈




1 comment:

  1. Very much appreciate for your post,by the way did you find lotus foundation web site.Here their address http://www.lotusfoundationmm.org

    ReplyDelete

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥