...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Thursday, August 19, 2010

ယ္ခုတစ်ပါတ် အစည်းအဝေးနှင့် ဆွေးနွေးဖြစ်သောအကြောင်းအရာများ . . .

   သုခိတာလစဉ်အစည်းအဝေးကို ၁၅၊၈၊၂၀၁၀ တနင်္ဂနွေနေ့ Chinese Garden ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ ယခုတစ်ပတ် အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကတော့
* အသင်းဝင်အင်အား များပြားလာစေရန်(အသင်းရန်ပုံငွေပိုမိုရရှိစေရန်)
  ထို့အတွက် သုခိတာ အသင်းအနေနဲ့ အသင်းရဲ့ ရည်ရွယ်ချက်၊ အသင်းဝင်များ စတဲ့အချက်အလက်များပါဝင်
  တဲ့ "အသင်းဝင်ဖိတ်စာ"လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားဖို့ ဆွေးနွေးခဲ့ပါတယ်။ 
*လစဉ်အလှူငွေကောက်ခံရေးတွင် လစဉ် Reminder ပေးပို့ရန်၊
   ထိုစနစ်ကို ပြည်ပရောက် အချို့သောလူမှုရေးအဖွဲ့အစည်းများမှာ ကျင့်သုံးအောင်မြင်ပြီးဖြစ်ပါတယ်။
  ရည်ရွယ်ချက်ကတော့ အချို့သော အသင်းဝင်/အလှူရှင်များမှာ အလုပ်မအားလပ်၍ဖြစ်စေ၊ အချိန်မအား
  လပ်၍ဖြစ်စေ၊ အလှူငွေထည့်ဝင်ဖို့ မေ့လျော့တတ်ပါတယ်။ ထို့ကြောင့် Reminder ပေးပို့ခြင်းစနစ်ကို သုံး
  ခြင်းအားဖြင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အသင်းဝင်များအနေနဲ့
  Reminder ပေးပို့ခြင်းစနစ်ကို သဘောပေါက်နားလည်စွာဖြင့် ပူပေါင်းကူညီစေလိုပါတယ်။
*ထို့ပြင် အသင်းအနေနဲ့ ကူညီထောက်ပံ့ရန် ရည်ရွယ်ထားသော စခန်းသာဘုန်းတော်ကြီးသင် ပညာရေး
  ကျောင်းနှင့် ဇေယျသုခ ကျောင်းတိုက်တို့၏ လိုအပ်ချက်များကို သွားရောက်လေ့လာပြီး စက်တင်ဘာလတွင် လှူဒါန်းမှုစတင်နိုင်ရန် အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
*စက်တင်ဘာလတွင် အောင်လံသုခိတာ(အောင်လံ)အဖွဲ့ကိုလည်း ဖွဲ့စည်းရန်၊ အသင်းလိုဂို(logo) ရွေးချယ်
  အသုံးပြုသွားရန် အစရှိသဖြင့် အကြောင်းအရာအတော်များများကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
  နောက်ဆုံးအဓိကထားဆွေးနွေးခဲ့တာကတော့ အသင်းရန်ပုံငွေ ပုံမှန်ရရှိရေးပဲဖြစ်ပါတယ်။ သို့မှသာ အသင်းအနေနဲ့ လစဉ်လှူဒါန်းမှုများပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် အသင်းဝင်များ၊ အောင်လံသူ/အောင်လံသားများ၊ အောင်လံသုခိတာအသင်းအတွက် ကူညီလိုသူများအား လစဉ်အသင်းရန်ပုံငွေ ပုံမှန်ရရှိရေးအတွက် ၀ိုင်းဝန်း၊ပံ့ပိုး၊ ကူညီစေလိုပါကြောင်း ။ ။


ကျေးဇူးတင်စွာဖြင့်
အောင်လံသုခိတာ

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥