...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, June 13, 2010

ဒုတိယအကြိမ် လစဉ်အစည်းအဝေး

     ၁၃.၅.၂၀၁၀  တနင်္ဂနွေနေ့


   ဒီနေ့မှာ အောင်လံသုခိတာလစဉ်အစည်းဝေးကို Chinese Garden ပန်းခြံမှာကျင်းပခဲ့ပါတယ်...  ဒီတစ်ပါတ်အစည်းအဝေးမှာ အဓိကထားဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကတော့
+  အောင်လံသုခိတာ အသင်းအနေနဲ့တရားဝင် လုပ်ကိုင်ခွင့်ရရန်။   
  အသင်းနာမည်နဲ့လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိဖို့အတွက်ကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံး  
    ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်.. ဒါမှသာ အသင်းလှုပ်ရှားမှုများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်မှာ  ဖြစ်ပါတယ်..
+  ဒါအပြင် အောင်လံသုခိတာ အောင်လံအသင်း ဖွဲ့စည်းရန်အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်.. အောင်လံအသင်းကိုတော့ တရားဝင်လုပ်ကိုင်ခွင့်ရရှိပြီးမှသာ စတင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်..ထို့ကြောင့် မိမိတို့နှင့်ပတ်သက်သော လူမှုရေးလုပ်ငန်းစိတ်ဝင်စားသော မိတ်ဆွေသူငယ်ချင်းများကို အောင်လံအသင်း အား ကူညီရန်အတွက် ၀ိုင်းဝန်းစည်းရုံးပေးစေလိုပါတယ်... ဒါမှသာ နောင်တွင် အောင်လံသုခိတာအနေနဲ့ လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပျံ့ပျံ့ လုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်..
+  ထို့အပြင် အသင်းသားအသစ်များ ထပ်မံပါဝင်လာစေရန်နှင့်အသင်းရန်ပုံငွေ တိုးတက်များပြားလာစေရန် ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်...
  ထို့ကြောင့် အစည်းအဝေးတက်ရောက်ခဲ့ကြသော အသင်းဝင်များ၊ မအားလပ်၍ မလာနိုင်ကြသော်လည်း အသင်းအတွက် ပံ့ပိုးပေးကြသော အသင်းဝင်းများ အားလုံးကို အောင်လံမြို့ကိုယ်စား အောင်လံသုခိတာမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း . . .


           အောင်လံသုခိတာ . . .




                     အစည်းအဝေးသို့တက်ရောက်ခဲ့ကြသော အသင်းဝင်များ




No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥