...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Wednesday, June 2, 2010

အောင်လံသုခိတာအဖွဲ့ခွဲ(ရုရှား) ဖွဲ့စည်းရန်ဖိတ်ခေါ်ခြင်း

    ရုရှားနိုင်ငံသို့ ရောက်ရှိနေသော အောင်လံမြို့နယ်သားများ၊ အောင်လံမြို့နယ်တွင်နေခဲ့ဖူးသူများ၊ အောင်လံမြို့နယ်နှင့် အကြောင်းတစ်စုံတစ်ရာပတ်သက်ပြီး အောင်လံမြို့နယ်အပေါ်သံယောဇဉ် ရှိကြသူ များကို အောင်လံသုခိတာအဖွဲ့ခွဲ(ရုရှား)သို့ ဝင်ရောက်ရန် ဖိတ်ခေါ်အပ်ပါတယ်။ ဆက်စပ်မိသလောက် ကိုတော့ စာရင်းကောက်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တာမျိုးမဖြစ်စေအောင် ဘလော့ဂ်ပို့စ်နေနဲ့ တင်လိုက်ခြင်းဖြစ်ပါတယ်။ အောင်လံသုခိတာအဖွဲ့ခွဲ(ရုရှား)ရဲ့ ရည်ရွယ်ချက်များ မှာလည်း စတင်ဖွဲ့စည်းခဲ့တဲ့ အောင်လံသုခိတာအဖွဲ့(စင်္ကာပူ) ရဲ့ရည်ရွယ်ချက်များအတိုင်း ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ရည်ရွယ်ချက်များကို ထပ်မံဖေါ်ပြလိုက်ပါတယ်။


၁။ အောင်လံမြို့နယ်ရှိ လူမှုရေး၊ပညာရေး အဖွဲ့အစည်းများအား ကူညီထောက်ပံ့ပေးရန်၊
၂။ နိုင်ငံရပ်ခြား၌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ ပညာသင်ကြားနေကြသော အဖွဲ့ဝင်များ၊        အောင်လံသူ၊ အောင်လံသားများ၏ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်အခက်အခဲများအား တတ်နိုင်သလောက် ကူညီထောက်ပံပေးရန်၊
၃။ နိုင်ငံရပ်ခြားရှိ အောင်လံသူ၊အောင်လံသား အချင်းချင်း ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှုများ ရရှိစေရန်၊
၎။ ဘာသာရေးဆိုင်ရာလှူဒါန်းမှုများ၊ ဘာသာရေးအဖွဲ့အစည်းများအား လှူဒါန်းကူညီပေးရန်၊
၅။ အဖွဲ့အတွက် လစဉ်အလှူငွေကောက်ခံပြီး အဖွဲ့၏လှုပ်ရှားမှုများအတွက် အသုံးပြုရန်။


အောင်လံသုခိတာအဖွဲ့(စင်္ကာပူ) စတင်ဖွဲ့စည်းစဉ်က ရည်မှန်းခဲ့တဲ့ “နောင်တွင်အောင်လံမြို့နယ်မှ အောင်လံသုခိတာ(အောင်လံ)အဖွဲ့ဝင်များ ဖွဲ့စည်း၍ အဖွဲ့လှုပ်ရှားမှုများ ဆောင်ရွက်သွားရန်” ဆိုတဲ့အတိုင်း အောင်လံသုခိတာအဖွဲ့ခွဲ(ရုရှား) စနစ်တကျ ပေါ်ပေါက်လာစေရန် ညီညွှတ်စွာ ဝိုင်းဝန်းကြိုးစား ကြပါမယ်။ အခြားနိုင်ငံများမှာရှိတဲ့ အောင်လံနယ်သူနယ်သားများ အနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံအလိုက် အောင်လံသုခိတာအဖွဲ့ခွဲများ ဖွဲ့စည်းပြီး မိမိမြို့နယ်အတွက် တတ်စွမ်းသရွေ့ ကူညီပံ့ပိုးပေးနိုင်ပါရန် နှိုးဆော်အပ်ပါတယ် ခင်ဗျာ။


အောင်လံသုခိတာအဖွဲ့ခွဲ(ရုရှား)သို့ ဝင်ရောက်လိုသူများ အနေဖြင့် ကိုတေဇာလင်း  +79035331274  
        aunglan@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။. 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥