...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, May 23, 2010

မေတ္တာ စေတနာမွန်ဖြင့် ၎

    စေတနာမွန်စကားဝိုင်း(၇)လမ်း၊ ကန်ကြီးရပ်ကွက်


မြို့နယ်အတွင်းလူမှုရေးလုပ်ငန်းများကို အခြေအနေပေးသည့်အတိုင်း စေတနာမွန် အခမဲ့ဆေးခန်းပြုလုပ်ရန် တိုးချဲ့စဉ်းစားမိကြပါသည်။ ဆေးခန်းနေရာအတွက် ယာယီအလှူရှင်/ထာဝရအလှူရှင် ရရှိအောင် ကြိုးပမ်းခဲ့ရကြောင်း သိရပါသည်။

   "ဆေးခန်းရဲ့ယာယီအခက်အခဲကို ဦးထွန်းကြည်+ဒေါ်ခင်မြင့်တို့က ပြည်လမ်းကတိုက်ကို ဆေးခန်းနေရာအတွက် အခမဲ့ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ အခုတော့ ဦးစိုးပိုင်+ဒေါ်ခင်မြတ်ဆွေ(ပိုင်မိသားစု)က(၇)လမ်း၊ ကန်ကြီးရပ်ကွက်မှာရှိတဲ့ သူတို့ပိုင် သိန်း(၇၀၀)တန် နှစ်ထပ်တိုက်ကို အသင်းအတွက်အပြီးအပိုင် လှူလိုက်တော့ပိုအဆင်ပြေသွားတာပေါ့ဗျာ "  
   "ဆေးခန်းကို(၁၄.၁.၂၀၀၇)မှစခဲ့ပါတယ်။ ဒေါက်တာသန်းထွန်း(အင်းလေး)ဦးဆောင်တ စေတနာဆရာဝန်(၁၂)ဦး၊ သူနာပြုဆရာမ(၁)ဦး၊ မြို့ပေါ်က အလှည့်ကျလုပ်အားပေးများနဲ့ ဆေးဝါး ကုသမှုတွေကို အခမဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။(၃၀.၉.၂၀၀၉)နေ့အထိ လူနာပေါင်း (၄၅၆၃)ဦး ရှိနေပါပြီ" ဟုစာရေးကြီးဦးတင်ဆိုင်က ၀မ်းသာအားရရှင်းပြပါသည်။အလှူရှင်စာရင်းကိုလေ့လာသောအခါ၊ ဦးသာဒွန်းနှင့်ဒေါ်မြင့်ရီ၊ သမီးဒေါ်ဋ္ဌေးကြည်မိသားစုက ကျပ်သိန်း(၂၀)၊ ဦးလှဟန်နှင့် ဒေါ်တင်ရှိန်မိသာစု၊ ဒေါ်လှမြင့်(ခ)ဒေါ်ကြီးတန်မိသားစု တွေကလည်း လစဉ်ပုံမှန်အလှူငွေ(၁၅၀၀၀ိ/-)စီလှူဒါန်းပါသည်။ အသင်းသူ/အသင်းသားများမှကျပ်(၁)ထောင်စီလစဉ်လှူဒါန်းမှုများလည်းရှိသည်ဟု တွေ့ရပါသည်။
အသင်း၏ရပ်တည်မှုအတွက် ဦးစိုးပိုင်+ဒေါ်ခင်မြတ်ဆွေ မိသားစုက မတည်ငွေ ကျပ်သိန်း(၁၀၀)နှင့် စတင်ပြီး တစ်နေ့တာ ဆေးအလှူရှင်များ၏ ဒါနဖြင့် ဆေးခန်းကိုလည်ပတ်ခဲ့ပါသည်။ ထို့နောက် နာဂစ်မုန်တိုင်းသင့်သူများအတွက် အသင်းမှ အလှူငွေ(၁၁)သိန်း ပြန်လည်လှူဒါန်းကူညီခဲ့ပါသည်။
အခမဲ့ဆေးခန်းစတင်သည့်နေ့မှ ယနေ့အထိ စေတနာရှင်များက စိတ်ဝင်စားစွာ ကုသိုလ်ပါဝင်ကြသဖြင့် မျှော်မှန်းသည့်အတိုင်း တစ်နေ့လျှင် လူနာ(၃၀)ဦးအားအခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပါသည်။    
   ဆေးခန်းဖွင့်ချိန်(၂)နာရီအတွင်း လူ(၃၀)ထက်ပိုမိုဆောင်ရွက်နိုင်ရန် စေတနာရှင်ဆရာဝန်များနှင့် ညှိနှိုင်းကြိုးစားလျှက်ရှိကြောင်းလည်းသိရပါသည်။ဆေးခန်းလုပ်ငန်းနှင့် ဆက်စပ်လျှက်ရှိသော အောက်စီဂျင်အိုးများ၊ အီးစီဂျီစက်၊ ချွဲစုပ်စက်၊ အသက်ရှူရန်ခက်ခဲနေသော လူနာများအတွက် လိုအပ်သော ဆေးဝါးများကိုလည်း ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းရှင်းပြကြပါသည်။"ဆေးခန်းကို အခြေပြုပြီး သားဖွားခန်းတွေနဲ့အခြားလူမှုရေး ကူညီစောင့်ရှောက်မှုတွေကို တိုးချဲ့လုပ်သွားဦးမယ်" ဟု ဦးခင်မောင်လွင်(ဆေးခန်းကြီးကြပ်ကော်မတီ)ကပြောပါသည်။


    "နာမကျန်းဖြစ်လျှင် စေတနာမွန်က ကူညီမယ်"


    "သေဆုံးသွားလျှင် မေတ္တာမွန်က ကူညီမယ်"


"ဒီတော့မေးပါရစေ...ဘာများကူညီရပါဦးမလဲခင်ဗျာ...?"
သင့်အားကူညီပေးရန် မလိုသေးလျှင် မေတ္တာမွန်၊စေတနာမွန်အသင်းကြီး၏ ရှေ့ခရီးအတွက် ငွေအား/လူအား ကူညီပေးပါလား ခင်ဗျာ-ဟူသောစကားဖြင့် မေတ္တာ၊ စေတနာမွန် အဖွဲ့၏ စကားဝိုင်းကို အဆုံးသတ်လိုက်ကြပါသည်။


မေတ္တာ စေတနာမွန်ဖြင့်
ဝင်းမောင်ဝင်း
 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥