...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, May 23, 2010

အောင်လံသမိုင်း ၅ (ခေတ်သစ်အောင်လံမြို့)

                                  ခေတ်သစ်အောင်လံမြို့




   ခေတ်သစ်အောင်လံမြို့အကြောင်းတော့ အထွေအထူးမရေးတော့ပြီ။ (၁၉၉၅)ခု၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှစ၍ မြေထဲမှ အောင်လံဟု အတည်ပြုပြောင်းလဲခဲ့သည်။ ထိုစဉ်က အောင်လံမြို့ အထိမ်းအမှတ် အဖြစ် အားကစားကွင်းကြီးတွင် နိုင်ငံကျော် အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များ လာရောက် ဖျော်ဖြေကြသည်ကို သတိရနေပါ၏။ မြန်မာ့ရုပ်သံမှလည်း ဂုဏ်ပြုတေးနှစ်ပုဒ်ဖြင့် လွှင့်ထုတ်ဂုဏ်ပြုခဲ့သည်။ အဆိုတော် ဒေါ်ရီရီသန့်က မြန်မာသံစဉ်တေးနှင့် စန္ဒီချစ်စုက စတီရီယိုသံစဉ်တေး။ ဒေါ်ရီရီသန့် ဆိုသွားသော "ထာဝရအမည်မှာအောင်လံဘွဲ့ထူးခံသည်နှင့်လေး" ဟူသောအပိုဒ်ကိုလည်းကောင်း
စန္ဒီချစ်စု၏ "လှစ်ဟဆိုလို့ပြန် ချစ်စရာ့မြို့အောင်လံ" ဟူသော အပိုဒ်ကိုလည်းကောင်း၊ ယနေ့တိုင် ကြားယောင်နေပါသေးသည်။
   ရာဇ၀င်ထဲမှာတော့ မြေထဲ၊ ကိုလိုနီခေတ်မှာအာလံ၊ ထိုမှတဖန် အောင်လံဖြစ်လိုက် မြေထဲဖြစ်လိုက်မှ ယခုတော့ အောင်လံဟုပင် ထာဝရအမည်တွင်ခဲ့လေပြီ။မိုးကားအဖုံး မြေကားအထဲဟု ဥဒါန်းပြုခဲ့သော ရာဇ၀င်ထဲက မြေထဲသည် ရာဇ၀င်ထဲဝယ် နေရစ်ခဲ့ရပြီ၊ ရာဇ၀င်ထဲဝယ် ထားရစ်ခဲ့ရပြီ။
   အောင်လံဟူသောအမည် တည်ရှိနေသရွေ့ နယ်ချဲ့ကိုလိုနီစနစ်ဆိုးကြောင့်တိမ်မြုပ် ပျောက်ကွယ် ခဲ့ရသော ဘိုးဘေးတို့၏ မြေထဲမြို့ကြီးကို အစဉ်သတိရနေသင့်သည်။ ဘိုးဘေးတို့အခြေတည်ခဲ့ရာ မြေထဲမြို့ကြီး ပျောက်ကွယ်တိမ်မြုပ်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာ လူသားအချင်းချင်းကိုမှ ကျွန်ပြုချင်သော နယ်ချဲ့ကိုလိုနီစနစ်ဆိုး၏ စနက်ကြောင့်သာဖြစ်ကြောင်း မှတ်ချက်ပြုချင်ပါတော့၏။






အရှင်သုမင်္ဂလသိရီ(ဆင်ပေါင်ဝဲ)၊ အောင်လံမြို့နယ်ရသစုံမဂ္ဂဇင်း မှပြန်လည်ဖော်ပြပါသည်။ 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥