...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Monday, May 24, 2010

သုခိတာ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ . . .

    အောင်လံသုခိတာ တစ်လပြည့် အထိမ်းအမှတ်နှင့်ဖွဲ့စည်းပုံအတည်ပြု တွေ့ဆုံပွဲကို ၁၆.၅.၂၀၁၀ တနင်္ဂနွေနေ့၊ Topayoh ပန်းခြံတွင် ကျင်းပခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြတဲ့ အောင်လံမြို့မှ ညီကို၊မောင်နှမများအားလုံးကို အောင်လံသုခိတာကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါတယ်။ ယခုဆိုရင် အောင်လံသုခိတာအဖွဲ့ကြီးကို စည်းစည်းလုံးလုံးနဲ့ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး အောင်လံသုခိတာ အနေနဲ့ အသင်းရဲ့ရည်မှန်းချက်အတိုင်း လူမှုရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် အောင်လံသုခိတာအသင်းရဲ့ အားများဖြစ်ကြတဲ့ အသင်းဝင်များအားလုံးကို အောင်လံမြို့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း . . .


ဝမ်းမြောက်စွာဖြင့် . . .


အောင်လံသုခိတာ 




                တစ်လပြည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော အဖွဲ့ဝင်များ  . . .






                                   ပထမအကြိမ် တွေ့ဆုံစဉ်က






2 comments:

  1. ကောင်းတယ်ဗျိုး ... ဆက်လုပ်ပါ စင်္ကာပူက နယ်သူနယ်သားများကို ဓာတ်ပုံနဲ့တကွ မြင်ရတာ အများကြီး ဝမ်းသာပါတယ် ...

    ReplyDelete
  2.ုခိုင်မာMay 26, 2010 at 7:35 AM

    စေတနာကောင်းရင် ......ကံကောင်းပါတယ်။ အခုလို စေတနာနဲ.အလုပ်လုပ်တဲ.အတွက် အားလုံးကို ဂုဏ်ယူပါတယ်။

    ReplyDelete

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥