...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, May 23, 2010

မေတ္တာ စေတနာမွန်ဖြင့် ၂

          (၁၂.၈.၂၀၀၉)မေတ္တာမွန်အသင်းရုံး၊ စမ်းချောင်းရပ်ကွက်


    အချိန်မရွေး၊ လူတန်းစားမရွေး၊ နေရာမရွေး ကူညီနေတဲ့ အသင်းအကြောင်းတိတိကျကျသိရအောင် အသင်းရုံးမှာ အသင်းသားများနဲ့ စကားဝိုင်းဖွဲ့ခဲ့ရပါသည်။


    "ကျွန်တော်ကအောင်လံသားတော့မဟုတ်ပါဘူး၊ ဒါပေမယ့် အောင်လံကိုချစ်ပါတယ်။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားသူတစ်ယောက်ပါ။ ဒီမှာနာရေးကူညီမှုအသင်းတစ်သင်းတော့ ရှိသင့်တယ်ဆိုပြီး မကွေးနာရေးကူညီမှု အသင်းကို လေ့လာဖွဲ့စည်းပုံတွေယူ လုပ်နိုင်သူတွေကို ဦးတင်ဝင်း(ပိတောက်)နှင့်အတူရှင်းပြစည်းရုံးပြီး ဖြစ်မြောက်ရေးအတွက် ဘဒ္ဒန္နဣန္ဒောဘာသ(၀ိသုဒ္ဓာရုံ သာသနာပြုကျောင်း)နှင့် ဘဒ္ဒန္န၀ိသုတ(တာသတိံသာကျောင်း)ဆရာတော်တို့ပါ လို့ ဦးဌေးဝင်း(တွဲ-အတွင်းရေးမှူး)(ရွှေဓူဝံ ဆေးပေါ့လိပ်)က ဖြစ်မြောက်ရေး အစမူလကို ဆွဲထုတ်ပြသည်။"


  အသင်းရဲ့ဖွဲ့စည်းမှုကိုတော့ ဦးသန်းဝင်းက ရှင်းပြသည်။"အသင်းဖြစ်မြောက်ရေးအတွက်(၈.၃.၂၀၀၃)နေ့ သာသနာပြုကျောင်းမှာ အာဏာပိုင်အဖွဲ့အစည်းတွေ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေ၊ လူမှုရေးစိတ်ဝင်စားသူတွေ၊ စုစည်းပြီး သြ၀ါဒဆရာတော်(၇)ပါး၊ နာယကလူကြီး(၁၃)ဦး၊ ကော်မတီ(၂၅)ဦးနှင့် မေတ္တာမွန်လူမှုကူညီရေး အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။"
   သြ၀ါဒဆရာတော်များမှာ
   ၁။ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္နကုဏ္ဍလ (တာဝတိံသာကျောင်း)
   ၂။ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္နဣန္ဒောဘာသ (ဥက္ကဋ္ဌ၊ တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်၊ ၀ိသုဒ္ဓာရုံ   
        သာသနပြုကျောင်း)
   ၃။ ဘဒ္ဒန္နသီရိ (မြ၀တီကျောင်း)
   ၄။ ဘဒ္ဒန္နတိဿ (ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊  ရွှေယင်းမာကျောင်း)
   ၅။ ဘဒ္ဒန္နဉာဏသာမိ (အတွင်းရေးမှူး၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရွှေပေါက်ပင်ကျောင်း)
   ၆။ ဘဒ္ဒန္နစက္ကိန္ဒ (စခန်းသာကျောင်းတိုက်)
   ၇။ ဘဒ္ဒန္နသညောဘာသ (စိန်စည် သာသနာ့ရိပ်သာ) ဆရာတော်တို့ဖြစ်ကြပါသည်။
    နာယကလူကြီးများမှာ - မြို့နယ်အတွင်းရှိ အာဏာပိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဦးပန်းစိန်၊ ဦးကြင်အုန်း အစရှိသော ဆရာကြီးများ၊ လုပ်ငန်းရှင်များက နာယကကလူကြီးများအဖြစ်လည်းကောင်း၊ အမှုဆောင်လူကြီးများအဖြစ် ဦးစိုးပိုင် ဦးဝင်းမောင်ကြည်၊ ဦးဖြူဝင်း၊ ဦးသာအိ၊ ဦးသန်းလှိုင် စသော ကုန်သည်ပွဲစားများနှင့် မြို့နယ်ပြည်ခိုင်ဖြိုးမှ ဦးစန်းလွင်နှင့် ဦးသန်းဝင်းဦး၊ ဦးတိုးလုံ(မြို့နယ်သမ) တို့ဖြင့်အသင်းကိုဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥