...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, February 9, 2014

ဂုဏ်ပြုမှတ်တမ်းလွှာများ . . .

   ၂၀၁၀ ခုနှစ်၊ April 14 ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အောင်လံသုခိတာအသင်းသည် ယခုအချိန်တွင် ၄ နှစ် အတွင်းသို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၄ နှစ်တာကာလအတွင်း အောင်လံမြို့နယ်အတွင်း လိုအပ်လျှက်ရှိသော ဘာသာရေး၊ပညာရေး၊ကျန်းမာရေး လိုအပ်ချက်များကို အောင်လံသုခိတာအသင်းမှ လှူဒါန်းခဲ့သည်မှာ စုစုပေါင်းအလှူငွေ ကျပ်သိန်း၁၅၀ခန့် ရှိပြီဖြစ်ပါတယ်။ အသင်း၏ ပထမအကြိမ်အလှူဖြစ်သော သငှါးကျေးရွာမီဘေးလှူဒါန်းမှုမှစတင်၍ ၊သနပ်ပင်ကျေးရွာ စာသင်ခုံလှူဒါန်းမှု၊ မြွေဆိပ်ဖြေဆေး စဉ်ဆက်မပြတ်လှူဒါန်းမှု၊ ဘုန်းတော်ကြီးသင်မိဘမဲ့ကလေးကျောင်းများဖြစ်ကြသော ဇေယျသုခနှင့်စခန်းသာကျောင်းနှစ်ကျောင်းအား လစဉ် ဆန်၊ဆီ၊ဆားအစရှိသည့်တို့နှင့်ကျောင်းရှိဆရာ၊ဆရာမများအားထောက်ပံမှု၊ လူဘ၀၏နေ၀င်ချိန်တွင် ခိုကိုးရာမဲ့ဖြစ်နေကြသော အဘိုးအဘွားများအား လစဉ် ထောက်ပံ့လှူဒါန်းမှု အစရှိသော လှူဒါန်းမှုများကို ပြုလုပ်လာခဲ့သည်မှာ ၄ နှစ်တာအချိန်သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ အောင်လံသုခိတာအသင်း စဉ်ဆက်မပြတ် လှူဒါန်းနိုင်ရန် ထောက်ပံ့ကူညီပေးကြသော အောင်လံသုခိတာအသင်းဝင်များ၊ သူငယ်ချင်းများ၊ အခြားသော အလှူရှင်များအားလုံးကို မိမိတို့၏ ကောင်းမှုကုသိုလ်များအား သာဓုခေါ်နိုင်ကြစေရန် ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ၀မ်းမြောက်ဝမ်းသာ မှတ်တမ်းတင်အပ်ပါသည်။
































Sunday, November 10, 2013

လစဉ်အစည်းအဝေးနှင့်ဆွေးနွေးဖြစ်ခဲ့သည်များ . . .

 အောင်လံသုခိတာ လစဉ်အစည်းအဝေးကို ၁၀.၁၁.၂၀၁၃ တနင်္ဂနွေနေ့၊ Funan Digital Mall , Level 5 Food Court တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဆွေးနွေးဖြစ်ခဲ့ကြသည်များမှာ . . .
  • စတုတ္တအကြိမ် စင်ကာပူနိုင်ငံ၊ ပရဟိတအသင်းများစုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲတွင်   အောင်လံသုခိတာအသင်းမှ နှစ်စဉ်ထည့်ဝင်နေကျ အတိုင်း အလှူငွေ $600 လှူဒါန်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
  • အောင်လံမြို့နယ် ပရဟိတအဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်သော စာပေဟောပြောပွဲတွင် အောင်လံသုခိတာအသင်းမှ အလှူငွေ ၇သောင်းကျပ် ထည့်ဝင်လှူဒါန်းရန် 
  • အောင်လံသုခိတာအသင်းဝင်များ ပိုမိုစည်းလုံးချစ်ခင်မှုရရှိစေရန် အသင်းမှဦးစီး၍ အဖွဲ့လိုက်ခရီးသွားရန်၊ သွားရောက်မည့်နေရာနှင့် အချိန်အား အသင်းဝင်များနှင့်တိုင်ပင်၍ အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
  • လက်ရှိအစည်းအဝေးတွင် တက်ရောက်သည့်ဦးရေး နည်းပါးနေသည့်အတွက် အားလုံးတက်ရောက်နိုင်ကြစေရန်အသင်းဝင်များ၏ သဘောထားကောက်ယူ၍ အစည်းအဝေးကို လစဉ်(သို့မဟုတ်)နှစ်လတစ်ကြိမ် ကျင်းပရန်၊ 
  အစရှိသော ဆွေးနွေးချက်များနှင့် အသင်းရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ အောင်လံသုခိတာအသင်းအား ယခုအချိန်အထိ လူအင်အား၊ငွေအင်အားဖြင့်လှူဒါန်းကူညီကြသောအသင်းဝင်များအား အောင်လံသုခိတာအသင်းမှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုထက်ပို၍ စည်းလုံးချစ်ခင်စွာ ပူပေါင်းကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 လှူဒါန်းမှုအစုစုကို နတ်လူသာဓုခေါ်စေသော် . . .

   အောင်လံသုခိတာ

Saturday, September 14, 2013

စတုတ္ထအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းရန်ဖိတ်ခေါ်ခြင်း

မြန်မာပရဟိတအဖွဲ့များ(စင်ကာပူ) မြွေဆိပ်ဖြေဆေးကော်မတီမှ စတုတ္ထအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် လှူဒါန်းမည်ဖြစ်ပါသည်။ ထို့ကြောင့် စင်ကာပူရှိမြန်မာပရဟိတအဖွဲ့များအားသိရှိရန်ကြိုတင် အကြောင်းကြားအပ်ပါသည်။ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ပရဟိတအဖွဲ့များအားလည်း ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးအပ်ပါသည်။ မြန်မာပရဟိတအဖွဲ့များ(စင်ကာပူ) မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းလှူဒါန်းခဲ့ရာ တတိယအကြိမ်ထိ လှူဒါန်းခဲ့ပြီး အသက်ပေါင်း ၂၀၀၀ ခန့်ကယ်တင်နိုင်ပြီးဖြစ်ပါသည်။ ယခုအကြိမ်တွင်လည်း တတပ်တအား ပါဝင်လှူဒါန်းကြပါရန် မြွေဆိပ်ဖြေဆေးကော်မတီကိုယ်စား အောင်လံသုခိတာအသင်းမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အောင်လံသုခိတာ အသင်းဝင်များနှင့် သူငယ်ချင်းများ ယခင်နှစ်ထက် ပိုမိုလှူဒါန်းနိုင်ပါစေရန်ကြိုတင်အကြောင်းကြားအပ်ပါသည်။။။။

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥